7887 Healthcare

7887 Healthcare

Share

7887 Healthcare Media Channel

This page is owned and operated by Trust Oo Co., Ltd., a social enterprise which has been implementing mHealth (healthcare service delivery through mobile devices) platforms including 7887 Healthcare Call Center under the approval of the Ministry of Health of the Union of Myanmar since 2015. The contents featured in this page are based on the internationally-recognized references and data sources which are in turn researched and reviewed by our medical workforce on a regular basis before being published to the public. The page covers a wide range of health education areas such as Emergency Health, Communicable Diseases, Non- Communicable Diseases, Sexual and Reproductive Health, Obstetrics and Gynecology, Child Health, Skin Health, Mental Health, Beauty and Healthy Lifestyle, Food and Health, and other miscellaneous health topics. To effectively capture the attention of the public to reduce monotony, "7887 Healthcare" utilizes diverse modes of content delivery in carrying out health education: Photo, Video, Info graphic, Article, Health Quiz, Campaign, Reel Video and Facebook Story. The "7887 Healthcare" page played a significant role in Trust Oo's win of the ASEAN Business Award 2020 (ABA 2020) for Combating COVID-19. With its ever-growing Follower base, diverse delivery modes and creative contents, the page continues to make health information more accessible and interesting, saving time, cost and energy of individuals, families and communities, thereby helping uplift the health status of the population of Myanmar. The health education contents posted on the "7887 Healthcare" page are also made readily available on its official website https://www.healthcare.com.mm/.



ဤ page သည် 7887 ကျန်းမာရေး Call Center အပါအဝင် ၂၀၁၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင်ပြုချက်ရရှိထားပြီး မိုဘိုင်းဖုန်းများမှတဆင့် ကျန်းမာရေးဝန်ဆောင်မှု ပေးခြင်းဖြစ်သည့် mHealth Platform များကို အကောင်အထည်ဖော်ဆောင်ရွက်နေသော လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများလုပ်ဆောင်နေသည့် Trust Oo ကုမ္ပဏီလီမိတက်မှ ပိုင်ဆိုင်သော page ဖြစ်ပါသည်။ ဤ page တွင် တင်ဆက်သော အကြောင်းအရာများသည် နိုင်ငံတကာ အသိအမှတ်ပြု ကိုးကားချက်များနှင့် ဒေတာအရင်းအမြစ်များကို အခြေပြုထားပြီး အများပြည်သူထံသို့ မျှဝေခြင်းမပြုမီ 7887 ကျန်းမာရေး Call Center ၏ ဆရာဝန်များအဖွဲ့မှ တဆင့်ထပ်မံ သုတေသနပြု ပြန်လည်သုံးသပ် စိစစ်ထားပါသည်။ ဤ page တွင် အရေးပေါ်ကျန်းမာရေး၊ ကူးစက်တတ်သောရောဂါများ၊ မကူးစက်တတ်သောရောဂါများ၊ လိင်မှုကိစ္စနှင့် မျိုးဆက်ပွားကျန်းမာရေး၊ သားဖွားမီးယပ်၊ ကလေးကျန်းမာရေး၊ အရေပြားကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ အလှအပနှင့် ကျန်းမာသောနေထိုင်မှုပုံစံ၊ အစားအစာနှင့်ကျန်းမာရေး၊ အခြားထွေပြောလှသော ကျန်းမာရေးအကြောင်းအရာခေါင်းစဉ်များနှင့် ကျယ်ဝန်းလှသော ကျန်းမာရေးဗဟုသုတ နယ်ပယ်အမျိုးမျိုးကို အခမဲ့ ပညာပေးမျှဝေပေးနေပါသည်။ အများပြည်သူများအား ငြီးငွေ့မှုမရှိစေဘဲ စိတ်ဝင်စားမှု ရှိစေရန် ကျန်းမာရေးပညာပေးအကြောင်းအရာများကို နည်းလမ်းပုံစံ ကျယ်ပြန့်စုံလင်စွာဖြင့် တင်ဆက်ပေးနေပါသည် (ဥပမာ- ဓာတ်ပုံ၊ ဗွီဒီယို၊ Infographics၊ ဆောင်းပါး၊ ကျန်းမာရေးဉာဏ်စမ်း၊ ကမ်ပိန်း၊ Reel Video၊ Facebook Story)။ ဤ page သည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် ၂၀၂၀ ခုနှစ်အတွက် အာဆီယံစီးပွားရေးဆု (ASEAN Business Award 2020) ကို Trust Oo မှ ရရှိခြင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ စဉ်ဆက်မပြတ် တိုးပွားလျက်ရှိသော Follower အရေအတွက်များ၊ စုံလင်သော တင်ဆက်မှုပုံစံများနှင့် တီထွင်ဆန်းသစ်မှုရှိသော ဖန်တီးမှုအကြောင်းအရာများနှင့်တကွ ဤ page သည် ကျန်းမာရေးအချက်အလက်များကို အလွယ်တကူ လက်လှမ်းမီစေရန်နှင့် စိတ်ဝင်စားမှုဖြစ်နေစေရန် ဆက်လက်၍ ကြိုးစားဆောင်ရွက်နေပြီး လူပုဂ္ဂိုလ်များ၊ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများ၏ အချိန်၊ ငွေနှင့် စွမ်းအင်များကို ချွေတာမှုဖြစ်စေကာ ထိုမှတစ်ဆင့် မြန်မာနိုင်ငံ လူထုကျန်းမာရေး အဆင့်အတန်းကို ကူညီ၍ မြှင့်တင်ပေးလျှက်ရှိပါသည်။ ဤ page တွင် တင်ဆက်ထားသော ကျန်းမာရေးအချက်အလက်များကို Trust Oo ၏ တရားဝင် ဝက်ဘ်ဆိုဒ် ဖြစ်သော https://www.healthcare.com.mm/ တွင်လည်း အခမဲ့ အလွယ်တကူ လေ့လာကြည့်ရှုနိုင်ပါသည်။

14/09/2026

နိုင်ငံရပ်ခြားရောက်မြန်မာများအတွက် ကျန်းမာရေးပြဿနာတွေကြုံလာတိုင်း စိုးရိမ်ပူပန်မှုဖြစ်ပေါ်နေရပြီလား ?
𝟕𝟖𝟖𝟕 ရဲ့ 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကိုသာသတိရလိုက်ပါနော် …

👉𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐫𝐯𝐢𝐜𝐞 ဆိုတာ အင်တာနက်ရှိရုံနဲ့ အိမ်မှာနေရင်း (သို့မဟုတ်) နိုင်ငံရပ်ခြားရောက်နေသူများပါ ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများနှင့် တိုက်ရိုက် Video Call ခေါ်ဆိုမှုဖြင့် တိုင်ပင်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိလာရင် အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်မေးမြန်းနိုင်ဖို့ 📞09 442 111 110 သို့ ဆက်သွယ်ပြီး Booking ယူထားလို့ရပြီနော်။

13/09/2026

Anorexia nervosa (ပိန်လိုစိတ်ပြင်းလွန်းပြီး အစားမစားခြင်း)
ဤရောဂါဖြစ်ရခြင်းမှာ အစာအငတ်ခံခြင်းနှင့် သက်ဆိုင်နေပြီး အများအားဖြင့်အမျိုးသမီးငယ်များ ဝမည်စိုးရိမ်လွန်ကဲသောစိတ်ကြောင့် အစားသောက်ပျက်(တမင်မစား)ခြင်းကြောင့်ဖြစ်သည်

လက္ခဏာများ
-အလွန်အမင်း ဝိတ်ကျခြင်း
-ပိန်ပါးလွန်းခြင်း
-သွေးဆဲလ်များ ပုံမှန်မဟုတ်ခြင်း
-မောပန်းလွယ်ခြင်း၊ မူးနောက်နောက်ဖြစ်ခြင်း
-အိပ်မပျော်ခြင်း
-လက်ချောင်းများ ပြာလာခြင်း
-ဆံပင်များ ပါးခြင်း၊ ကျွတ်လွယ်ခြင်း ၊
-ခန္ဓာကိုယ် မွှေးညင်းနုများ ထွက်ခြင်း
-ဓမ္မတာ မလာခြင်း
-ဝမ်းချုပ်ခြင်း
-အသားအရေများခြောက်ခြင်း ၊ ဝါလာခြင်း
-အအေးဓာတ်မခံနိုင်ခြင်း
-နှလုံးခုန်နှုန်း မမှန်ခြင်း ၊ သွေးပေါင်ကျခြင်း
-ရေဓာတ်ဆုံးရှုံးခြင်း
-အရိုးပွခြင်း ၊ ခြေလက်များ ရောင်ရမ်းခြင်း

စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ
-အစာမစားလွန်းခြင်း၊ လေ့ကျင့်ခန်းများ အလုပ်လွန်ခြင်း
-အစားများစားပြီး လက်ထိုးအန်ခြင်း ၊ ဝမ်းနှုတ်ဆေးဝမ်းချူဆေးများသုံးခြင်း ၊ အန်သောဆေးများသောက်သုံးခြင်း
-အစာမစားသင့်ဘူးဟူသော စိတ်လွှမ်းမိုးနေခြင်း
-ဗိုက်ဆာနေသော်လည်း မစာဘူးဟုငြင်းဆန်နေခြင်း
-စိတ်ခံစားမှုများမရှိခြင်း
-ပေါင်းသင်းဆက်ဆံရေး များလျော့ကျလာခြင်း
-လိင်မှုကိစ္စများ စိတ်မဝင်စားခြင်း
-ဂဏာမငြိမ်ဖြစ်လာခြင်း
-စိတ်ဓာတ်ကျခြင်း ၊ ကိုယ့်ကိုကိုယ်သတ်သေလိုြ့ခင်း တို့လဲဖြစ်တတ်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ
အဓိကဖြစ်ပွားစေသော အကြောင်းအရာများမှာ
မျိုးရိုးဗီဇ (မိဘဘိုးဘွားဖြစ်လျှင် ဖြစ်နိုင်ချေပိုများ)
စိတ်ခံစားမှု (ပိန်ချင်စိတ် သဘာဝလွန်များပြားသူများ) ကြောင့်ဖြစ်နိုင်ချေရှိသည်။

ဖြစ်နိုင်ချေများသူများ
-အမျိုးသမီးများ
-အသက်ငယ်သူများ
-မိဘဘိုးဘွားဖြစ်ဖူးသူများ
-အနုပညာရှင်များ (လူအများအာရုံစိုက်ခံရသူ ၊ ထင်ပေါ်ကျော်ကြားသူများ)

နောက်ဆက်တွဲ ပြဿနာများ
-သွေးအားနည်းခြင်း
-နှလုံးရောဂါဖြစ်ပွားခြင်း
-အရိုးကျိုးနိုင်ခြင်း
-ဓမ္မတာမလာခြင်း
-အမျိုးသားများတွင် ဖိုဓာ်လျော့နည်းခြင်း
-အစာအိမ်နှင့်အူလမ်းကြောင်းထိခိုက်ခြင်း
-ကျောက်ကပ်ထိခိုက်ခြင်း
-ကိုယ့်ကိုကိုယ်အဆုံးစီရင်ခြင်း
-သေစေနိုင်ခြင်း

စစ်ဆေးမှုများ
-စမ်းသပ်စစ်ဆေးခြင်း
-သွေးစစ်ခြင်း
-ဓာတ်မှန်ရိုက်ခြင်း
-စိတ်ရောဂါအထူးကုဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးခြင်း

ကုသခြင်း
အထွေထွေရောဂါကုဆရာဝန် ၊ အစားအစာအကြံပြုဆရာဝန် ၊ စိတ်ရောဂါအထူးကုဆရာဝန် တို့ပူးပေါင်းပြီး
ဆေးဝါးကုသမှု ၊ စိတ်ဓာတ်ပြုပြင်မှုတို့ဖြင့် ကုသနိုင်သည်

Dr Aung Khant
Ref: Mayo Clinic

12/09/2026

ရှေးဉီးသူနာပြုစုခြင်း (First Aid) ကို စနစ်တကျ တတ်မြောက်ထားခြင်းဖြင့် ကျန်းမာရေးဝန်ထမ်းများ (သို့) လူနာတင်ယဉ် မရောက်ရှိမီ မိနစ်ပိုင်းအတွင်းတွင် လူနာ၏အသက်ရှင်သန်မှုနှုန်းကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။



7887 ကို ATOM ဖြင့် အခမဲ့ခေါ်ဆိုနိုင်ရန် ATOM မှ ကူညီပံ့ပို့ပေးပါသည်။

12/09/2026

အချိုရည်သောက်တာကို ဖြတ်လိုက်ရင် တစ်ပတ်အတွင်း ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲလာမှာလဲ?

Dr. Shwe Yee

12/09/2026

အလွန်အမင်း ပြုပြင်မွမ်းမံထားသော အစားအစာများ (Ultra processed foods )အကြောင်း သိကောင်းစရာ အချက် ၅ ချက်

• စက်မှုနည်းပညာသုံး ဖော်စပ်မှု - ဤအစားအစာများကို သဘာဝအတိုင်း ရရှိသည့် ပါဝင်ပစ္စည်းများအစား ဓာတ်ခွဲခန်းတွင် ချက်လုပ်ထားသော ဓာတ်ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ဓာတုအရသာတုများ၊ အရောင်များကို ထည့်သွင်းအသုံးပြုထားသည်။

• ဇီဝကမ္မဖြစ်စဉ်အပေါ် သက်ရောက်မှု - UPFs များကို အလွန်အကျွံ စားသုံးခြင်းသည် အဝလွန်ခြင်း၊ အမျိုးအစား (၂) ဆီးချိုရောဂါနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ မြင့်တက်စေသည်။

• ကယ်လိုရီ အလွန်အကျွံ များခြင်း - ဤထုတ်ကုန်များတွင် သဘာဝအမျှင်ဓာတ်နှင့် ရေဓာတ် အားနည်းသောကြောင့် ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ စားမိစေပြီး ကယ်လိုရီ ပိုမိုစားသုံးမိနိုင်သည်။

• စိတ်ကျန်းမာရေးနှင့် ဆက်စပ်မှု - အလွန်အမင်း ပြုပြင်မွမ်းမံထားသော ပါဝင်ပစ္စည်းများကို ပုံမှန်စားသုံးခြင်းသည် စိုးရိမ်ပူပန်မှုလွန်ကဲခြင်း၊ စိတ်ဖိစီးခြင်းနှင့် စိတ်ခံစားချက် မမှန်မကန်ဖြစ်ခြင်း တို့နှင့် ဆက်စပ်နေကြောင်း သိရသည်။

• သဘာဝ အစားအစာများဖြင့် အစားထိုးခြင်း - ပြုပြင်မွမ်းမံထားသော မုန့်ပဲသရေစာများအစား လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ပဲမျိုးစုံနှင့် အနှံအဆာများကဲ့သို့ သဘာ၀ အစားအစာများကို ပြောင်းလဲစားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများကို လျင်မြန်စွာ လျော့ကျစေပြီး အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေသည်။


ATOM ဖြင့် 7887 သို့ အခမဲ့ ခေါ်ဆိုပြီး ကျန်းမာရေးအတွက် ဆရာဝန်များနဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ။

10/09/2026

ATOM Data 138 GB Free ရဖို September တစ်လလုံး ကျန်သေးတယ်နော်…
7887 Healthcare Call Center ကို ATOM ဖုန်းလိုင်းနဲ့ အခမဲ့ ခေါ်ဆိုပြီး ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်လိုက်ပါ။

ကျန်းမာရေး ဗဟုသုတတွေ မေးမြန်းရင်း ATOM Data 138 GB ကံထူးနိုင်မယ့် အခွင့်အရေးကို September လကုန်အထိ ဆက်လက် ပါဝင်ကံစမ်းနိုင်ပါပြီ။

ပါဝင်ကံစမ်းနည်း
• ATOM SIM Card ဖြင့် 7887 သို အခမဲ့ ခေါ်ဆို၍ ဆရာဝန်များနှင့် ကျန်းမာရေး ဆွေးနွေးပါ။
• ဖုန်းခေါ်ဆိုရုံဖြင့် ကံထူးခွင့် မဲစာရင်းတွင် အလိုအလျောက် ပါဝင်သွားမည် ဖြစ်ပါသည်။

မိမိကိုယ်တိုင်နဲ့ မိသားစု ကျန်းမာရေးကို စောင့်ရှောက်ရင်း Data ဆုမဲကြီး ပိုင်ဆိုင်ဖို့ အခုပဲ 7887 သို အခမဲ့ ဖုန်းခေါ်ဆိုလိုက်ပါ။

10/09/2026

7887 နဲ့ အမြဲအတူရှိနေဖို့ 👇 ဒီ ချန်နယ်လေးတွေကိုလဲ Join ခဲ့ပေးပါဦးနော်
👉Youtube : https://www.youtube.com/
👉Viber : https://invite.viber.com/...
ကျန်းမာရေးနဲ့ပတ်သက်သမျှ အခမဲ့မျှဝေပေးနေတာမလို့ 😍အခုပဲ Join လိုက်တော့နော်

10/09/2026

သတင်းကောင်း! 7887 Healthcare Call Center သို့ ခုဆိုရင် Mytel SIM Card များဖြင့်ပါ စတင်ခေါ်ဆိုနိုင်ပါပြီ။

ကျန်းမာရေးနှင့် ပတ်သက်သည့် အကြံဉာဏ်များ၊ ဆရာဝန်များနှင့် တိုက်ရိုက် တိုင်ပင်ဆွေးနွေးလိုသည်များ ရှိပါက မိမိတို၏ Mytel ဖုန်းမှ 7887 သို အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ပါပြီ။
မိမိနှင့် မိသားစု၏ ကျန်းမာရေးအတွက် အချိန်မရွေး၊ နေရာမရွေး Mytel ဖုန်းလိုင်းမှ 7887 သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💡ပုံမှန် ဖုန်းခေါ်ဆိုခသာ ကျသင့်မှာဖြစ်ပါတယ်။

ဝန်ဆောင်မှု အရည်အသွေး ကောင်းမွန်စေဖို့ Mytel အတွက် လစဉ် ခေါ်ဆိုသူ အယောက် ၅,၀၀၀ သီးသန့် ကန့်သတ်ထားပြီး၊ လစဉ် ၂၆ ရက်နေ့တိုင်း စာရင်း အသစ်ပြန်စပေးပါတယ်နော်။

10/09/2026

စက်တင်ဘာလ (၁၀) ရက်နေ့ ဟာ World Su***de Prevention day ဖြစ်ပါတယ်။

ချစ်ရသူတွေ မိမိကိုယ်ကိုသတ်သေခြင်းမှ အချိန်မီကာကွယ်ပေးနိုင်ဖို့ သတိထားရမယ့် လက္ခဏာတွေနဲ့ ကာကွယ်လို့ ရနိုင်တဲ့ နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

မိမိကိုယ်ကို သတ်သေခြင်းနှင့် ပတ်သက်၍ သတိပေးလက္ခဏာများ
အမူအရာပြောင်းလဲခြင်း
- အရက် (သို့) ဆေးဝါးများအလွန် အကျွံ သုံးစွဲခြင်း
- အအိပ် အနေနည်းခြင်း (သို့) အအိပ်လွန်ကဲခြင်း
- ရန်လိုခြင်း
- လုပ်ဆောင်နေကျ လုပ်ငန်း ဆောင်တာများ လုပ်ကိုင်နိုင်စွမ်းမရှိုခြင်
- မိမိကိုယ်ကို သတ်သေရန် နည်းလမ်းများကိုအင်တာနက်တွင် ရှာဖွေခြင်း
- တစ်ယောက်တည်းသီးသန့် ခွဲနေခြင်း
- နှ ုတ်ဆက်စကားများလိုက်လံပြောဆိုခြင်း (သို့) ဖုန်းဆက်ပြောဆိုခြင်း
- မိမိပိုင်ပစ္စည်းများကို ခွဲဝေပေးခြင်း
စကားပြောဆိုပုံ ပြောင်းလဲခြင်း
- မခံမရပ်နိုင်သော နာကျင်မှုကို ခံစားနေပုံပေါက်ခြင်း
- အခြားသူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ခံစားရခြင်း
- မိမိကိုယ်ကို သတ်သေမည့် စကားများပြောခြင်း
- ထွက်ပေါက်မရှိ ပိတ်မိနေသကဲ့သို့ ခံစားရခြင်း စိတ်ခံစားမှု ပြောင်းလဲခြင်း
- စိတ်ကျရောဂါလက္ခဏာများရှိခြင်း
- ပတ်ဝန်းကျင်အပေါ်စိတ်ဝင်စားမှု ပျောက်ဆုံးခြင်း
- စိုးရိမ်ပူပန်းမှု လွန်ကဲခြင်း
- ဆတ်ဆတ်ထိ မခံခြင်း

မိမိကိုယ်ကို သတ်သေခြင်းမှ ကာကွယ်နိုင်မည့်နည်းလမ်းများ
W = Watch out
စိတ်ဖိစီးခြင်း ၊ စိတ်ကျခြင်း နှင့် အမှုအကျင့်များ ပြောင်းလဲခြင့် ရှိ မရှိ ကို သတိထားစောင့်ကြည့်ပါ

A = Ask
မိမိကိုယ်ကို သတ်သေလိုသည့် အတွေးများရှိ မရှိ မေးမြန်းပါ
I =It will pass
မိမိကိုယ်ကို သတ်သေလိုသော စိတ်ခံစားချက်များကို အကူအညီယူခြင်း
(ဥပမာ - ဆေးဝါး၊ နှစ်သိမ့်ဆွေးနွေးခြင်း) ဖြင့် ကောင်းစွာ ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း အားပေးပါ
T = Talk
မိသားစုဆရာဝန် (သို့) စိတ်ကျန်းမာရေးဆရာဝန်ထံမှ အကြံဉာဏ်ကို ရယူသင့်ကြောင်းအားပေးပါ
Dr. Hazel

***dePreventionDay

10/09/2026

နိုင်ငံရပ်ခြားရောက်နေလို့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုဖြစ်ပေါ်နေလား ?
𝟕𝟖𝟖𝟕 ရဲ့ 𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကိုသာသတိရလိုက်ပါနော် …

👉𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 𝐒𝐞𝐫𝐯𝐢𝐜𝐞 ဆိုတာ အင်တာနက်ရှိရုံနဲ့ အိမ်မှာနေရင်း (သို့မဟုတ်) နိုင်ငံရပ်ခြားရောက်နေသူများပါ ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများနှင့် တိုက်ရိုက် Video Call ခေါ်ဆိုမှုဖြင့် တိုင်ပင်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာရေးပြဿနာတစ်စုံတစ်ရာရှိလာရင် အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်မေးမြန်းနိုင်ဖို့ 📞09 442 111 110 သို့ ဆက်သွယ်ပြီး Booking ယူထားလို့ရပြီနော်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address


Tsp, 6, Mya Thiri Lane, A1 St, Myanmar (Burma)
Yangon
11062