𝐆𝐢𝐫𝐥𝐲 𝐓𝐡𝐢𝐧𝐠𝐬

𝐆𝐢𝐫𝐥𝐲 𝐓𝐡𝐢𝐧𝐠𝐬

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐆𝐢𝐫𝐥𝐲 𝐓𝐡𝐢𝐧𝐠𝐬, Beauty, cosmetic & personal care, Mandalay Road, Myanmar, Burma (Myanmar), Lashio.

Photos from 𝐆𝐢𝐫𝐥𝐲 𝐓𝐡𝐢𝐧𝐠𝐬's post 02/10/2021

🌺အခုPostလေးက မိန်းကလေးသီးသန့်ပါနော်🔔

❤️မင်မင်တို့ မိန်းကလေးတွေ လစဉ်တိုင်း ခံစားနေရတဲ့ အတွက် တကယ်ကို အသုံးတည့်စေမယ့် ပစ္စည်းလေးလို့ပြောလို့ ရပါတယ်။

😷မိန်းကလေးတွေက ခံစားရတဲ့ Period Pain ကြောင့် အလုပ်ကောင်းကောင်းမလုပ်နိုင်၊ စာကောင်းကောင်း မကြည့်နိုင် စတဲ့ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ရပါတယ်။
အဲ့ဒီလိုအချိန်မျိုးမှာ....

❌ရေနွေးအိတ်လည်း ကပ်ထားလို့ အဆင်မပြေသလို

❌ပရုတ်ဆီလိမ်းရင်လည်း တစ်ပါးသူကို အနံ့ရစေတာကြောင့် အဆင်မပြေပါဘူး...

❌ဒီအချိန်မှာ ဝေဒနာကို သက်သာဖို့အတွက် တချို့က အကိုက်အခဲပျောက်ဆေးသောက်ကြပါတယ်..

အကိုက်အခဲပျောက်ဆေးတွေက သုံးတတ်ရင်ဆေး မသုံးတတ်ရင် ဘေး ဆိုသလို သုံးစွဲပါများလာရင် ဆေး၏Side effect တွေရဲ့ ဒဏ်ကို ခံစားရပါတယ်နော်...😖

🌸🌸🌸🌸🌸🌸

အခု မင်မင် မိတ်ဆက်ပေးမယ့် ပစ္စည်းလေးက သုံးရလွယ်ကူသလို အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက် ဖြစ်နေသော မမနဲ့ ညီမလေးများအတွက် အလုပ်မပျက်၊ ကျောင်းတက်မပျက်စေမယ့် ပစ္စည်းလေးပါ.. 🤔🤔🤔

📍ဒီပလာစတာလေးက မင်မင်တို့လို အမျိုးသမီးတွေအတွက် အဓိက ထားပြီး ထုတ်လုပ်ထားတာပါ..😍

📍Real Heat Technology နဲ့ ထုတ်လုပ်ထားတာကြောင့် အသုံးပြုနေသောအချိန်မှာ အပူငွေ့ကိုထုတ်ပေးပြီး ခံစားရသော ဝေဒနာကို အလျှင်အမြန် သက်သာ ပျောက်ကင်းစေပါတယ်... 🥰

📍အပူချိန်ကိုလည်း ကိုယ်အဆင်ပြေသလို ထိန်းညှိလို့ ရပါတယ်နော်။
အပူချိန်ကို ထိန်းလို့ရမယ့် အနေအထား ၃ခုကိုဖော်ပြပေးထားပါတယ်...☺️

- ပထမ အပူချိန်အများဆုံးအဆင့်

ဝမ်းဗိုက်အသားအရေကို ပလာစတာ ကပ်ထားတဲ့အခြေအနေပါ...
✖️(ပထမဆုံးစ၍ အသုံးပြုသူများနှင့် sensitive skin ဖြစ်သော အမျိုးသမီးများဟာ ဒီအပူချိန်အဆင့်ကို ရှောင်သင့်ပါတယ်)✖️

-ဒုတိယ အပူချိန် အလယ်အလတ်အဆင့်

ပလာစတာကို အကျီအတွင်းဘက်( သို့မဟုတ်) ဘောင်းဘီအတွင်းဘက်မှာကပ်ပြီး ပလာစတာအပြင်ဘက်ကို ဝမ်းဗိုက်အသားအရေနဲ့ ကပ်ထားတဲ့အနေအထားပါ.....

- တတိယ အပူချိန် အနည်းဆုံးအဆင့်

အကျီ(သို့မဟုတ်) ဘောင်းဘီ အပေါ်ကနေ ကပ်တဲ့အနေအထားပါ....

အသုံးပြုပုံ
—————

✔️ မင်မင်တို့ အမျိုးသမီးတွေ တစ်လတစ်ခါ ဝမ်းဗိုက်နာတဲ့အချိန်မှာ ပစ္စည်းလေးထဲမှာ ပါတဲ့ ပလာစတာလေးကို ဝမ်းဗိုက်အောက်ပိုင်း (ချက်၏အောက်ပိုင်း) မှာ ကပ်ထားပေးရုံပါဘဲ... ☺️

✔️တစ်ခါကပ်ရင် ၁၂နာရီထိ အသုံးပြုလို့ရပါတယ်.
🌺🌺🌺🌺🌺🌺

တစ်ထုပ်ကို ပလာစတာ၂ခုပါဝင်ပါတယ်..
Singapore မှ ထုတ်လုပ်ထားတာကြောင့် ပစ္စည်းquality က စိတ်ချရပါတယ်နော်...😊

(မင်မင် ကိုယ်တိုင်သုံးသလို သူငယ်ချင်းတွေကိုလည်း သုံးကြည့်စေတဲ့အခါမှာ အရမ်းအဆင်ပြေတာကို တွေ့ရတဲ့အတွက် ချစ်တို့ကို sharing လုပ်တာဖြစ်ပါတယ်) ❤️

Price:7500Ks (အထုပ်သေး၂ထုပ်ပါဝင်ပါသည်)
၃ထုပ်= 20000Ks


Direct import from Singapore ✈️

29/09/2021

Mask ကြောင့်ဖြစ်တဲ့ ဝက်ခြံ (သို့) Maskne
_________________________________________

COVID ကြောင့် အပြင်သွားရင် Mask ကမဖြစ်မနေ တတ်နေရတော့ တချို့လူတွေမှာ Mask ကြောင့်ဖြစ်တဲ့ Maskne လေးတွေ ထွက်လာတတ်ပါတယ်။

COVID အတွက် Mask ကလဲ အရေးကြီးသလို
ဝက်ခြံ ကင်းစင်အောင် new normal life မှာ ဘယ်လို ဆင်ခြင်နေထိုင် စားသောက်ကြမလဲ ဆိုတာ ဖတ်ကြည့်လိုက်ရအောင်...👇🏻

••••••••••

✅ Mask တပ်ရင် ဝက်ခြံ ပိုဆိုးတတ်စေလား ဆိုတော့
- ဟုတ်ပါတယ် ပိုဆိုးတတ်ပါတယ်
- ရောင်ရဲတဲ့ဝက်ခြံအပုန်းလေးတွေ၊ ဆားဝက်ခြံတွေကစပြီး အဆီဖု၊ ပြည်တည်နာတွေထိ ဖြစ်တက်ပါတယ်။

••••••••••

✅ Mask ကြောင့် ဘာလို့ ဝက်ခြံပိုထွက်ရလဲ ဆိုရင် -
အဓိက ၃ ချက်ရှိပါ တယ် ။

[ နံပါတ် (၁) ချက် ] - Mask က ကြာကြာတပ် တဲ့ခါ မျက်နှာက ပူအိုက်လာတယ်၊ အဲတော့ အဆီပိုပြန်လာမယ်။ နောက်ပြီး အသက်ရှုတာ စကားပြောတာကြောင့် စိုထိုင်းလာမယ်၊ အဲကနေတဆင့် ဝက်ခြံပိုးလေးတွေ ပွားလာစေပါတယ် ။ တခြားသောမွေညှင်းနုလေးပိုးလေးတွေပါ ဖြစ်လာတတ်ပါတယ်။ ကိုယ့်သွားနှင့်ခံတွင်း ကို သန့်ရှင်းရေး သေချာမလုပ်ထားရင်တော့ ပိုဆိုးတာပေါ့။

[ နံပါတ် (၂) ချက် ] - ဓါတ်မတည့် allergic / sensitive ဖြစ်တာ။ Mask မှာ ပါဝင်ထားတဲ့ ပစ္စည်း ၊ အရောင် ၊ အနံ့ တွေ နဲ့ ထိတွေ့ပြီး ဓါတ်မတည့်ဖြစ်ကာ အရေးပြား ယားလာ ရဲလာ တဲ့အခါ ဝက်ခြံပိုးက အကြိုက်တွေ့ပြီး ပိုပွားလာစေပါတယ်။

[ နံပါတ် (၃) ချက် ] - mask နဲ့ တိုက်ရိုက် ထိတွေ့တဲ့နေရာမှာ ထိပါများတော့ အရေပြားပွန်းပဲ့ လာစေပြီး ဝက်ခြံတွေ ပိုဆိုးလာပါတယ်။

••••••••••

✅ ဆိုတော့ အဲလိုတွေမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတာ ဆက်ဖတ်ကြည့်ရအောင် -

(1). ပထမဆုံး အနေနဲ့ Mask ရွေးပုံရွေးနည်း
__________________________________________
- mask ရွေးချယ်တဲ့အခါ ကိုယ်နဲ့ အဆင်ပြေနိုင်တဲ့ ခွဲခန်းသုံး surgical mask (သို့မဟုတ်) 100 % cotton ချည်သား စစ်စစ် ကို ရွေးသင့်ပါတယ် ။ 😉

(2) Skin Cares ရွေးတာ
________________________
- Step 1. >> Cleansing [ ဒီမှာသတိထားရမှာက Scrub/Exfoliating အရင်ကထက် ပိုသတိထားပါ ၊ နီလာယားလာရင်တော့ ရပ် ]
- Step 2. >> Toner [ သုံးနေကျ Toner ]
- Step 3. >> Moisturizer [ ပို ပြီးလိုလာပါပြီ ဘာလို့လဲဆိုတော့ အရေပြားလေးတွေ ပွန်းတာပဲ့တာရှိရင် သူက ကုသပေးမှာပါ ]
- Step 4. >> ဝက်ခြံပျောက်ဆေး [ လိမ်းလို့ ရပါတယ် သို့သော် မျက်နှာခြောက် လွယ်သော Retinoid(vitamin A), Benzoyl Peroxide,နှင့် တခြားသော acid များကိုတော့ သတိထား လျော့သုံးပေးပါ ]
- Step 5. >> Suncream
- Step 6. >> Powder
[ No make up , No Foundation ]
ပြီးရင်တော့ Mask တပ်လ်ို့ရပါပြီ ။ 😉

(3) Mask တပ်ပုံတပ်နည်း
__________________________
- တပ်တဲ့ခါ အရမ်းမတင်းကြပ်အောင် တပ်ရမယ်။
- ​သွားနှင့်ခံတွင်း သန့်ရှင်းဖို့လဲ အဓိကကျပါတယ် ။
- သွားနဲ့ခံတွင်းသန့်ရှင်းရေးအတွက် အခြေခံအနေနဲ့ နည်းမှန်လမ်းမှန်ဖြင့် သွားပုံမှန်တိုက်မယ်၊ အစာစားပြီးတိုင်း သွားမတိုက်နိုင်ရင်တောင် ပလုတ်ကျင်းပေးပါ၊ အချိုလျော့စား၊ သွားကျောက်မတည်အောင် ထိန်းသိမ်းပါ ။ 😉

(4) Mask ထိန်းသိမ်းပုံ
______________________
- တခါသုံး surgical mask တွေကိုတော့ တခါသုံးပြီးတာနဲ့ စွန့်ပစ်ပါ ( No Recycle ပေါ့... )။
- ချည်သား Mask ဆိုရင်တော့ လျှော်ပါ နေလှန်းပေးပါ ။
- လျှော်တဲ့အခါ ဆပ်ပြာမှုန့်တော့ သတိထားပေးပါနော်။ သူနဲ့ မတည့်ရင် allergy ထ မှာ စိုးလို့ ပါ ။ 😉

(5) အစားအသောက် နေထိုင်ပုံ
_____________________________
- ရေ တနေ့ 3L သောက်ပေးပါ
- အားရှိအောင် အသား၊အသီးအရွက်များများ စားပေးပါ
- ပုံမှန်အိပ်ကြပါ အိပ်ရေးဝအောင်လဲ အိပ်ကြအုန်း နော်
- လေ့ကျင့်ခန်း လုပ်ပေးပါ
- စိတ်(Mental) အတွက် မိမိကိုးကွယ်ရာ ဘာသာရဲ့တရားဓမ္မတွေ လေ့လာပါ
- ကောင်းတာလေးတွေ အပျော်လေးတွေ တွေးပါ
- တတ်နိုင်သလောက် Stress out ဖြစ်အောင်နေပါ 😉

(6) ဆောင်ရန် ရှောင်ရန်
_______________________
- လက်နဲ့ မျက်နှာကိုင်တာကို ရှောင်ပါ
- တတ်နိုင်ဆုံး အိမ်မှာပဲ့နေပါ
- အပြင်ကပြန်လာပြီးတိုင်း လက်ဆေးပါ 😉

••••••••••

🙏🏻 နောက်ဆုံးအနေနဲ့ ဆရာပြောချင်တာက -
Covid ရောဂါမကူးစက်အောင် တတ်နိုင်ဆုံး အိမ်မှာပဲ့နေပြီး ကိုယ်ခံအားကောင်းအောင် နေကြပါ

အကြောင်းအမျိူးမျိူးကြောင့် ကူးစက်ခံခဲ့သည်ရှိသော်လည်း စိတ်ဓါတ်မကျပဲ အကောင်းဆုံးရင်ဆ်ိုင် ကျော်လွှားနိုင်ကြပါစေလို့ ဆရာ ဆုတောင်းပေးပါတယ် ။ 🙏🏻

အားလုံးပဲ အန္တာရယ်ကင်းပြီး လှပနိုင်ကြပါစေ 🙏🏻

မေတ္တာဖြင့် -
Dr. Naing

#အရေပြားနှင့်အလှအပ #ဝက်ခြံ

29/09/2021

Watson’s Sale Items
Price: 7000Ks (ဘယ်မှာမှမရနိုင်တဲ့စျေးနော်😉
❗️ဒီ stock လေးတွေ ကုန်သွားရင် ဒီစျေးနဲ့မရတော့ပါဘူး❗️

Japan 🇯🇵 ကထုတ်လုပ်ထားတာဖြစ်ပြီး Japan နိုင်ငံရဲ့ Facial Mask Market မှာလည်း Top1 Best Seller ဖြစ်ပါတယ်။ 👍

၇ချပ်လုံးကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် plastic Usage လျှော့ချမှူအတွက် အိတ်တစ်အိတ်ထဲမှာဘဲ ပေါင်းထည့်ပေးထားပါတယ်။ 🌱

😯 zip bag ဖြစ်တဲ့အတွက် တစ်ခုယူသုံးလို့ကပ်ပြီးတာနဲ့ ပြန်ပိတ်ပြီး အလွယ်တကူယူသုံးလို့ရပါတယ်။

က၃မျိုးလာပါတယ်... ❤️

💖 ပန်းရောင်လေးက မျက်နှာအသားအရေ Moisturize Level ကို Balance ဖြစ်အောင်လုပ်ပေးပါတယ်။ အဆီပြန်တတ်သူဖြစ်ဖြစ်၊ အသားအရေခြောက်သွေ့သူဖြစ်ဖြစ် Moisture Balance လုပ်ပေးတာဖြစ်တဲ့အတွက် သုံးလို့အဆင်ပြေပါတယ်။

🤍Whitening အတွက်ဆို အဖြူရောင်လေးကို သုံးနော်.. မယ်လင်နင်ထုတ်တာကိုလျှော့ပြီးတော့ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး Glow Skin လေးဖြစ်လာအောင် ထောက်ပံ့ပေးပါတယ်။

💙အပြာလေးကတော့ Anti-Aging & Moisture အတွက် အဓိက လုပ်ဆောင်ပေးတာပါ။ အသားအရေအတွက်လိုအပ်တဲ့ nutrients တွေအများကြီးထည့်ပေးထားတာဖြစ်တဲ့အတွက် တစ်ခါကပ်ပြီးတာနဲ့ အသားအရေတင်းတင်းရင်းရင်းလေးဖြစ်သွားသလို ခံစားရပါတယ်။

29/09/2021

🌞 ဘာကြောင့် နေလောင်ဒဏ်ကာကွယ်တဲ့ Sunscreen ကို အသုံးပြုသင့်သလဲ??
🌞ဘယ်လို နည်းလမ်းမှန်အောင် အသုံးပြုရမလဲ???

ယူတို့ သိတဲ့အတိုင်း အခု မိုးရာသီရောက်နေပေမယ့်လည်း နေက အရမ်းပူတယ်ဟုတ်??
မိန်းကလေးအများစုကတော့ အသားမဲမှာတွေ၊နေလောင်ကွက်တွေဖြစ်မှာစိုးရိမ်ပြီး Sunscreen လိမ်းတာတွေရှိကြပေမယ့် တချို့ကျတော့လည်း အမှုမဲ့ အမှတ်မဲ့ကြောင့် မသုံးဖြစ်တာတွေ အလှအပကို စိတ်မဝင်စားလို့ မသုံးကြတာတွေရှိပါတယ်။
တကယ်တော့ ယောကျာ်းလေးတိုင်း မိန်းကလေးတိုင်းက နေရောင်ဒဏ်ကာကွယ်တဲ့ sunscreen ကို အပြင်ထွက်မယ်ဆိုတိုင်း လိမ်းကိုလိမ်းပေးသင့်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ထိတွေ့မှ နွေရာသီမှ လိမ်းရတာမဟုတ်ဘဲ ဆောင်းရာသီ၊ မိုးရာသီမှာ အပြင်ထွက်တဲ့အချိန်တိုင်းလည်း လိမ်းပေးဖို့လိုအပ်ပါတယ်။ sunscreen လိမ်းခြင်းကို ကျန်းမာရေးအရ အသားအရေကို ကာကွယ်တဲ့အနေနဲ့ အလေ့အကျင့်တစ်ခုလိုမျိုး လိမ်းပေးသင့်ပါတယ်။

🌞Sunscreen ဘာကြောင့်လိမ်းပေးဖို့လိုအပ်တယ်ဆိုတာ ပထမအချက်အနေနဲ့ကတော့
၁။ sunscreen ဟာ အသားအရေပေါ် ကျရောက်လာတဲ့ UV rays တွေကို block လုပ်ပေးပါတယ်။ ဒါကြောင့် နေရောင်လောင်ဒဏ်တွေဖြစ်ပေါ်လာမှုကို ထိရောက်စွာ တားဆီးပေးနိုင်ပါတယ်။

၂။ Sunscreen ကိုနေ့တိုင်းလိမ်းပေးခြင်းဖြင့် အရေပြားကင်ဆာ ဖြစ်နိုင်မှုကိုလည်း ထက်ဝက်ခန့်လျှော့ချနိုင်ပါတယ်။

၃။ UVrays ကြောင့် အမဲစက်များ၊ အသားအရောင်ပြောင်းလဲလာမှု၊ collagen ပျက်စီးမှု၊ အသားအရေခြောက်သွေ့မှုများ၊ အရွယ်မတိုင်ခင် အရေပြားတွန့်မှုများ၊ အသားအရေညစ်ညမ်းမှုနှင့် အသားအရေလျော့တွဲလာမှုများ ဖြစ်တတ်ပါတယ်။ စစ်တမ်းတွေ့ရှိမှုတွေအရ ၅၅နှစ်အောက် sunscreen အသုံးပြုသူများဟာ အသုံးမပြုသူများထက် ၂၄% Aging skin symptoms တွေ လျင်မြန်စွာ ဖြစ်ပေါ်လာမှုလျော့ကျစေပါတယ်။

🌞ဘယ်သူတွေ သုံးသင့်လဲ??

အတိုဆုံးအဖြေကတော့ ကျား၊မ မရွေး ကလေး (၆လအထက်) အကုန်လုံး sunscreen ကို နေ့တိုင်းလိမ်းပေးသင့်ပါတယ်။
၆လအောက်ကလေးများဟာ အသားအရေနူးညံ့နေသေးတဲ့အတွက် နေရောင်ခြည်ကာကွယ်သော အဝတ်အစားများ ဝတ်ပေးခြင်းနှင့် နေရောင်ခြည်ကာအမိုးပါမှသာ အပြင်ထွက်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

🌞ဘယ်လို sunscreen အမျိုးအစားတွေ သုံးသင့်လဲ??

Skin Cancer Foundation မှ ထုတ်ပြန်ချက်အရ Sunscreen မှာ broad spectrum SPF 15 နဲ့အထက်ပါတာဆိုရင် ထိရောက်စွာ ကာကွယ်နိုင်သောကြောင့် ဘယ် sunscreen မဆို ကိုယ့်ရဲ့skin type ပေါ်မူတည်ပြီး ရွေးချယ်အသုံးပြုနိုင်ပါတယ်။

🌞ဘယ်လိုအချိန်မှာ SPF level ဘယ်လောက်ကို အသုံးပြုသင့်သလဲ??

တကယ်လို့ သင်ဟာ နေရိပ်ထဲမှာဘဲ အနေများမယ် အချိန်ခဏလေးဘဲ အပြင်ကိုသွားမယ်ဆိုရင်တော့ SPF 15 နှင့်အထက် သုံးရင် သင့်တော်ပါတယ်။ တကယ်လို့ သင်ဟာ အပြင်ထွက်တာများတယ်၊ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရတယ်ဆိုရင် SPF 30 နှင့်အထက် ရှိသော sunscreen ကိုအသုံးပြုသင့်ပါတယ်။
SPF ပမာဏဘယ်လောက်ပါဝင်ဝင် ၂နာရီကြာတိုင်း sunscreen ကိုပြန်လိမ်းပေးသင့်ပါတယ်။
ရေကူး၊ ချွေးထွက်လို့အားကစားလုပ်ပြီးတဲ့အချိန်ဆိုရင်လည်း sunscreen ကိုပြန်လိမ်းပေးရပါမယ်။

🌞Broad- spectrum production ကဘာလဲ??

အရင်တုန်းက sunscreen တော်တော်များများမှာ UVB ဘဲ ကာကွယ်တာ တွေ့ဖူးကြမှာပါ။ အကြောင်းရင်းကတော့ UVB က နေလောင်ဒဏ်ကို အဓိက ဖြစ်စေပါတယ်။ UVA ကတော့ အသားအရောင် ပြောင်းလဲတာနဲ့ အသက်အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် အခုနောက်ပိုင်း sunscreen အများစုမှာ broad-spectrum sunscreen ဆိုပြီး UVA ရော UVB ကာကွယ်တာရော ပါဝင်လာကြပါတယ်။

🌞Water resistant and very water resistantကရော ဘာကွာတာလဲ??
(ရေကူးခြင်း၊ အပြင်းအထန် အားကစားပြုလုပ်ခြင်း နှင့်ပတ်သတ်၍)

ဘယ်sunscreen မှ waterproof မဟုတ်ပါဘူးနော်.. အကုန်လုံးက ရေနဲ့ထိတွေ့ပါများလာတာနဲ့အမျှ အချိန်အကန့်အသတ်တစ်ခုထိဘဲ effectဖြစ်ပါတယ်။ ဒါပေမယ့် water resistant လို့ တပ်ထားမယ်ဆိုရင်တော့ အဲ့ဒီ sunscreen ဟာဆိုရင် ရေကူးတဲ့အချိန် မိနစ်၄၀ထိ နေရောင်ဒဏ်ကာကွယ်ပေးပါတယ်။ very water resistant ဆိုရင်တော့ မိနစ် ၈၀ကြာ ကာကွယ်ပေးပါတယ်။

🌞ဘယ်အချိန်မှာ အသုံးပြုသင့်လဲ??

နေ့တိုင်း မိနစ်၃၀ အလိုအပြင်မထွက်ခင်မှာ လိမ်းပေးသင့်ပါတယ်။နေရောင်ခြည်နှင့် ထိတွေ့မှု၂နာရီတိုင်းတစ်ခါ လိမ်းပေးသင့်ပါတယ်။ ရေချိုးပြီး အားကစားလုပ်ပြီးချိန်မှာလည်း ချက်ချင်းလိမ်းပေးသင့်ပါတယ်။

🌞ဘယ်နေရာမှာအဓိကထားလိမ်းသင့်သလဲ??

ပညာရှင်များရဲ့ပြောကြားချက်အရတော့ အကျီမဝတ်ခင် တစ်ကိုယ်လုံးကိုလိမ်းပေးသင့်ပါတယ်။ အနည်းဆုံးတော့ နေရောင်ခြည်တိုက်ရိုက်ထိတွေ့မယ့်နေရာကို သေချာ လိမ်းပေးသင့်ပါတယိ။

🌞ဘယ်လောက်ပမာဏလိမ်းပေးသင့်သလဲ??

ဖန်ခွက်အသေးတစ်ခွက်စာ (၁အောင်စ) ကို တစ်ကိုယ်လုံး လိမ်းပေးသင့်ပါတယ်။ တကယ်လို့ ၁အောင်စရဲ့ တစ်ဝက်ထက်လျော့နည်းသွားမယ်ဆိုရင်တော့ နေရောင်ခြည်ကာကွယ်မှုလျှော့နည်းသွားပါလိမ့်မယ်။

🌞Sunscreen ကို dry skin, oily skin, acne-prone skin and sensitive skin တွေအတွက် ရွေးချယ်ဝယ်ယူလိူ့ရပါတယ်။

🌞နေပူထဲအချိန်အကြာကြီးနေတဲ့သူတွေက Sunscreen တစ်ခုတည်းနဲ့လည်း နေရောင်ခြည်ဒဏ်ကို အပြည့်အဝ ကာကွယ်ဖို့ မလုံလောက်ပါဘူး။ ဦးထုပ်၊ မျက်မှန်နဲ့ အဝတ်အစား စတဲ့ နေရောင်ခြည်ကာကွယ်တဲ့ ပစ္စည်းလေးတွေကိုလည်း အသုံးပြုပေးဖို့လိုအပ်ပါသေးတယ်နော်... ☀️

Photos from 𝐆𝐢𝐫𝐥𝐲 𝐓𝐡𝐢𝐧𝐠𝐬's post 29/09/2021

🌼Monday: Light Up My Day Skin Conditioning Mask:

ဒီ mask လေးက စစဖွင့်ချင်း grapefruit အနံ့သင်းသင်းလေးနဲ့ စိတ်ကိုကြည်လင်စေတယ်။ lightweight essence နှင့်အတူ fruit complex ပါဝင်ပြီး အသားအရေအတွက် ရေဓာတ်ကိုအဓိကအားဖြည့်ပေးပါတယ်။ အရေပြားထဲသို့ လွယ်ကူစွာစိမ့်ဝင်စေပြီး အသားအရေကိုကြည်လင်စေပါတယ်။

🌱Tuesday: Power Pack Energizing Mask

စစဖွင့်ခြင်း လက်ဖက်ရည်ရနံ့လေးက မျက်နှာလေးကို energy အားဖြည့်ပေးသလို ခံစားရစေပါတယ်။ အဝါရောင်ပန်းပွင့်တွေ၏ nutrition အားဖြည့်မှုပါဝင်ပြီး အဓိက ကတော့ အသားအရေအတွင်းပိုင်း၏ vitality ကို တိုးမြှင့်ပေးပြီး အားဖြည့်ပေးပါတယ်။ Essenceက နို့ရည်ပုံစံမျိုးဖြစ်ပေမယ့် စေးကပ်မှုမရှိဘဲ ပင်ပန်းနွမ်းနယ်နေသော အသားအရေကို energize ပြန်လုပ်ပေးပါတယ်။

🎋Wednesday: Mid-Week Recharge Purifying Mask

Marine complex ပါဝင်တဲ့အတွက် အသားအရေကို moisturize ဖြစ်စေပြီး ကြည်လင်သန့်ရှင်းစေပါတယ်။ ဒီ bamboo Charcoal black sheet လေးမှာ serum အနှစ် များစွာပါဝင်ပြီး အသားအရေကို လန်းဆန်းစေပါတယ်။ Skin tone ကိုလည်း ညှိပေးပြီး အသားအရေညစ်ထိုင်းမှုများကိုလည်း ဖယ်ရှားပေးပါတယ်။ ဒီ maskအဆင့် လေးသုံးပြီးရင်တော့ အသားအရေလေးက အားပြည့်ပြီး ဝင်းလက် လာမှာပါနော်..

🌻Thursday: Let’s Go Girl Brightening Mask

Flower complex နဲ့ niacinamide ပါဝင်ပြီး
ဒီ mask ကလေးက အသားအရေကို brighten ဖြစ်စေပြီး Skin tone ကိုလည် ညှိပေးပါတယ်။
Niacinamide က အသားအရေ၏ အမဲကွက်၊ အမာရွတ်များနှင့် မှဲ့ခြောက်များကို သက်သာ စေပြီး အသားအရေကို ကြည်လင်လာစေပါတယ်။ အသားအရေကို လင်းလက်စေပြီး Hydration level ကို boost လုပ်ပေးပါတယ်။

🌷Friday: Meeting Him Youth Restoring Mask

Friday night, night out ထွက်မယ့်သူတွေအတွက် ဒီ mask လေးက သင့်တော်ဆုံးဘဲနော်။ cream essence လေးက အသားအရေထဲ အလွယ်တကူ စိမ့်ဝင်စေပြီး Extra- moisturizing ဖြစ်စေပါတယ်။ ဒီ mask လေးက အသားအရေခြောက်ပြီး ရေဓာတ်လိုနေသူတွေအတွက် “emergency mask” လို့တောင်ပြောလို့ရတယ်။ အသုံးပြုပြီးတာနဲ့ ရေဓာတ်အပြည့်အဝရနေတဲ့ အသားအရေလေးအဖြစ် ကျန်ခဲ့မှာပါ။

🌸Saturday: All night Long Moisturizing Mask

Violet flower complex ပါဝင်ပြီး အသားအရေကို အချိန်ကာလအတော်ကြာကြာ ရေဓာတ်ဖြည့်ပေးတဲ့ အာနိသင်ကို ရစေပါတယ်။ Hydration essence အဓိက ပါဝင်ပြီး အသားအရေကို super hydrate ဖြစ်စေပါတယ်။ ဒီmask လေးကပ်ပြီး နောက်နေ့မနက်ရောက်တာနဲ့ အသားအရေလေးက ဝင်းလတောက်ပနေမှာ အသေအချာပါဘဲနော်..

🌺Sunday: Fun in The Sun Calming Mask

အပြင်ထွက်လည်တာကို ကြိုက်တဲ့သူဆိုရင်တော့ ဒီ နောက်ဆုံးmask လေးကို လွမ်းနေတော့မှာပါ။ နူးညံ့ပြီး ပါးလွှာတဲ့အပြင် အသားအရေကို စွဲကပ်စေပြီး မျက်နှာနဲ့ ပြီးပြည့်စုံစွာ fit ဖြစ်နေမှာပါ။ ဒီ mask လေးက အနံ့သင်းသင်းလေးနဲ့ နူးညံ့သိမ်မွေ့တဲ့အပြင် အသားအရေနီတာတွေ ယားယံခြင်းတွေအတွက် သက်သာစေပါတယ်။

PRICE: 10000Ks
(Watson Direct)

22/09/2021

ချစ်တို့ရေ...
ဒီခေါင်းလျှော်ရည်လေး သုံးဖူးပြီးကြပြီလား???

😁ပုံမှန်တော့ မင်မင်က အရမ်း Hit ဖြစ်နေတဲ့ cosmetics တွေ items တွေဆိုရင် မသုံးကြည့်တာများတယ်။ ထင်သလောက် အကျိုးအာနိသင်မရှိဘူးဆိုပြီး မသုံးဖြစ်တာပါ။

မင်မင် Skincare တစ်မျိုး ဝယ်ရင်းနဲ့ အဲ့ဒီ ခေါင်ရလျှော်ရည်ထုပ်လေး လက်ဆောင်ရတာ။
အဲ့ဒီတော့မှ တစ်ထုပ်စမ်းသုံးကြည့်ပြီး အခု ခေါင်းလိမ်းဆီဘူးရော၊ ခေါင်းလျှော်ရည်ထုပ်ရော အိမ်မှာ ဝယ်ပြီး အမြဲတမ်းသုံးနေမိတော့တာ။ 😍😍

👉Dabur Amla Hair Oil
အနံ့ကတော့ တော်တော်အီပါတယ်။ အနံ့ပြင်းတာ မကြိုက်တဲ့သူဆို အဆင်မပြေပါဘူးနော်။ မင်မင်ကတော့ ခေါင်းမလျှော်ခင် တစ်နာရီအလို လိမ်းပြီး နှပ်ထားလိုက်တယ်။ ခေါင်းလျှော်ပြီးရင် တစ်ခါ နည်းနည်းလေး လိမ်းလိုက်တယ်။

👉Dabur Shampoo
အနံ့က Hair oil လောက်မပြင်းပါဘူး။ အနံ့သင်းသင်းလေးနဲ့ သုံးရတာ အဆင်ပြေပါတယ်။ တစ်ထုပ်မှာ ခေါင်းလျှော်ရည်က နည်းနည်းဘဲပါတော့ ဆံပင်အရမ်းရှည်တဲ့သူဆိုရင် ၂ထုပ်သုံးမှ အဆင်ပြေမှာပါ။

👉အကျိုးအာနိသင်
မင်မင်က အရင်က Pantene သုံးတာပါ။ ဆံပင်ခေါင်းလျှော်ပြီးရင် အထွေးလိုက်ကို ကျွတ်တတ်တာပါ။ လက်ဆောင်ရတဲ့ Dabur shampoo ပထမတစ်ထုပ်လျှော်လိုက်တော့ ဆံပင်က အိစင်းပြီး ခါတိုင်းလိုမကျွတ်တော့ပါဘူး။
အဲ့ဒါနဲ့ ခေါင်းလိမ်းဆီနဲ့ ဆံပင်ကို နှပ်ပြီး ခေါင်းသေချာလျှော်၊ ပြီးတာနဲ့ အဲ့ဒီခေါင်းလိမ်းဆီလေး နည်းနည်းလိမ်း။ အဲ့ဒီလို လုပ်ပြီးကတည်းက ဆံပင်က ပိုများလာပြီး ဆံပင်အရောင်တောက်လာပါတယ်။ ၂/၃ခေါက်နဲ့တင် တော်တော်ကို သိသာတာပါ။

👉Packaging ကတော့ သုံးရတာ လုံးဝအဆင်မပြေပါဘူး။ Hair oil ဘူးရော၊ ခေါင်းလျှော်ရည်အထုပ်ရောဘဲ။ တစ်ခါတစ်လေဆို မလိုအပ်ဘဲ အများကြီးဖြစ်ဖြစ်သွားတတ်လို့ အလဟသဖြစ်တာ များပါတယ်😢

မင်မင်ဆီမှာ မှာယူအားပေးနိုင်ပါတယ်နော်။
Shampoo Price: 1500Ks (16ထုပ်)
Hair oil: 2800Ks (110ml)
Hair oil: 3800Ks (180ml)

18/09/2021

ချစ်တို့ရေ...
အားလုံးဘဲ မင်္ဂလာပါရှင့်။

အခု Girly Things ဆိုတဲ့ Page လေးက မိန်းကလေးတွေအတွက် အဓိက လိုအပ်တဲ့ ပစ္စည်းလေးတွေနဲ့ နည်းလမ်းလေးတွေကို Sharing လုပ်ပေးမှာပါရှင့်။ တကယ်ကို အတွင်းကျကျပစ္စည်းလေးတွေနဲ့ မိန်းကလေးတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ဆောင်ရန်၊ရှောင်ရန်လေးတွေကို ဝေမျှပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေးလုပ်ပေးထားပါနော်။ ချစ်တို့အတွက်လည်း အခုPageလေးက သူငယ်ချင်းကောင်းတစ်ယောက် ရသလို ခံစားရစေမှာပါ။ 🥰🥰

Want your business to be the top-listed Beauty Salon in Lashio?
Click here to claim your Sponsored Listing.

Telephone

Website

Address


Mandalay Road, Myanmar, Burma (Myanmar)
Lashio