Mirror Hair Mask

Mirror Hair Mask

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mirror Hair Mask, Beauty, cosmetic & personal care, Insein.

MIRROR HAIR CARE📍OFFICIAL PAGE📍
Mirror Nourishing Shampoo
Mirror Anti Dandruff Shampoo
Mirror Scalp Recovery Tonic
Nourishing Hair Mask
Nourishing Hair Serum
Mirror Botanical Oil

Photos from Mirror Hair Mask's post 26/08/2026

Mirror တို့အတွက် ဂုဏ်ယူစရာတစ်ခုကို ပြောပါဆိုရင် ဆံသားအမြစ်ကနေ အားကောင်းလာစေဖို့ ကူညီပေးနိုင်တဲ့ Root Renew Scalp Recovery Tonic လေးကို ထုတ်လုပ်နိုင်ခဲ့တာပါပဲ။

စတင်ထွက်ရှိချိန်ကတည်းက နေ့စဉ် လက်လီ ဗူးရာချီ အော်ဒါရရှိခဲ့ပြီး သုံးဖူးသူတိုင်းကလည်း နှစ်ဗူး၊ သုံးဗူး၊ ငါးဗူးအထိ ဆက်လက်ဝယ်ယူကြသလို သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ညွှန်ပေးကြ၊ လက်ဆောင်ပေးကြပါတယ်။

အထူးသဖြင့် Tonicမှာ အဓိက ကုန်ကြမ်းအဖြစ်ပါဝင်တဲ့ Dandrilys® က နိုင်ငံတကာမှာ ၂၀၁၄ ခုနှစ် European Frost & Sullivan Award for New Product Innovation Leadership ဆု ရရှိထားပြီး ဗောက်လျော့ပါးစေခြင်း၊ ဦးရေပြားယားယံမှုကို သက်သာစေခြင်းနဲ့ ဦးရေပြားအဆီပြန်မှုကို ထိန်းညှိပေးခြင်းတို့အတွက် အသုံးပြုတဲ့ သဘာဝအခြေခံ Active Ingredient တစ်မျိုးဖြစ်ပါတယ်။

Dandrilys® ရဲ့ အာနိသင်ကောင်းမွန်မှုနဲ့ ထိရောက်တဲ့ လုပ်ဆောင်ပုံတွေကြောင့် ဦးရေပြားမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နူးညံ့စွာ ကူညီဖြေရှင်းပေးနိုင်ပြီး ဦးရေပြားရဲ့ သဘာဝ Barrier ဖွဲ့စည်းပုံကိုလည်း ပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။

ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားခြောက်သွေ့ခြင်း၊ အလွန်အမင်း အဆီပြန်ခြင်း၊ ယားယံခြင်းနဲ့ နီမြန်းခြင်းတွေကို သက်သာစေဖို့ ဒီ Scalp Recovery Tonic လေးက ကူညီပေးနိုင်တာမို့ ဦးရေပြားနဲ့ ပတ်သက်ပြီး စိတ်သောကရောက်နေသူများ အသုံးပြုကြည့်ဖို့ အကြံပြုချင်ပါတယ်ရှင့်။

ပြီးတော့ ဒီဈေးနှုန်းနဲ့ ဒီ Ingredients တွေ၊ ဒီလိုအာနိသင်တွေကို Mirror မှာပဲ ရရှိနိုင်မှာပါရှင့်။

Mirror Scalp Recovery Tonic
100 ml – ၁၆,၅၀၀ ကျပ်

Photos from Mirror Hair Mask's post 26/08/2026

အသားအရေနဲ့ ဆံကေသာအတွက် တစ်ဗူးတည်းနဲ့ အကုန်အိုကေစေမယ့် "All-in-one" Treatment Oil လေးတစ်ခုအကြောင်း ပြောပြချင်လို့ပါရှင့် ✨💙

Mirror 100% Pure Oil တွေထဲက ဘယ် Oil သုံးရမှန်းမသိရင်၊
Oil အများကြီးလည်း မဝယ်ချင်ဘူး မသုံးချင်ဘူး တစ်မျိုးတည်းနဲ့ ပြည့်စုံချင်တယ်
အာနိသင်ကောင်းကောင်းလည်း ရချင်တယ်ဆိုရင် Mirror Skin Treatment Oil လေးကို ရွေးပါရှင့် 💙

သူ့မှာ အသားအရေအတွက် တကယ့်ကို အကျိုးပြုတဲ့ သဘာဝအဆီတွေနဲ့ ဗီတာမင်တွေ အချိုးကျကျ ပါဝင်ထားပါတယ်

🍀 Mineral & Jojoba Oil
အသားအရေထဲကို စိမ့်ဝင်လွယ်ပြီး ရေဓာတ်ကို အပြည့်အဝ ထိန်းပေးပါတယ်

🥥 Fractionated Coconut Oil
အသားအရေကို နူးညံ့ချောမွေ့စေပြီး အမည်းစက်တွေကို သက်သာစေပါတယ်

💊 Vitamin C & Vitamin E
အသားအရေကို ကြည်လင်တောက်ပစေပြီး အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်

ဒီဆီလေးကို သုံးကြည့်ရင် ဘာတွေထူးခြားလာမလဲဆိုတော့ 💁🏻‍♀️
၁။ နက်ရှိုင်းစွာ စိုပြေစေခြင်း
အသားခြောက်လို့ အက်ကွဲတာ အသားပတ်တာတွေကို ချက်ချင်း သက်သာစေပြီး အသားကြည်ကြည်လေး ဖြစ်စေပါတယ် ✨

၂။ တင်းရင်းတဲ့ အသားအရေ
ပုံမှန်လိမ်းပေးရင် အသားအရေကို ပိုမိုတင်းရင်းစေပြီး ပိုမိုနုပျိုတဲ့ အသွင်ကို ရစေမှာပါ 🫧

၃။ ဆံပင်နဲ့ ဦးရေပြားအတွက် အထူးကောင်းမွန် - ခေါင်းမလျှော်ခင် ဦးရေပြားကို နှိပ်ပေးရင် ယားယံတာတွေ ပျောက်စေသလို ဆံနွယ်တွေကိုလည်း နူးညံ့တောက်ပစေပြီး ဆံပင်နှစ်ခွဖြစ်တာကို တားဆီးပေးပါတယ် 💆🏻‍♀️

၄။ အစက်အပြောက်တွေကို သက်သာစေခြင်း
အမာရွတ် ဒါမှမဟုတ် အသားအရောင်မညီတာတွေကို တဖြည်းဖြည်း ကြည်လင်လာစေပါတယ် 😍

💡 ဘယ်လိုသုံးမလဲ
• ကိုယ်ခန္ဓာအတွက်ရေချိုးပြီးခါစ ဒါမှမဟုတ် ညအိပ်ခါနီးမှာ အစက်ချပြီး အသာအယာ နှိပ်နယ်ပေးရုံပါပဲ 🧖🏻‍♀️
Body Lotion ထဲလဲ ထည့်ပြီး လိမ်းလို့ရပါတယ်ရှင့်.

• ဆံပင်အတွက်
ခေါင်းမလျှော်ခင် ၁၅ မိနစ်အလိုမှာ ဦးရေပြားကို နှိပ်ပေးနိုင်သလို လျှော်ပြီးရင်လည်း ဆံသားဖျားလေးတွေကို အနည်းငယ် လိမ်းပေးလို့ ရပါတယ် 💇🏻‍♀️

တစ်ဗူးဆို 50 ML တောင်ပါတော့ တော်တော်နဲ့ မကုန်ဘူးနော်🫶
အသားအရေကို Smoother, Brighter, Healthier ဖြစ်စေဖို့ Mirror Skin Treatment Oil လေးကို စမ်းသုံးကြည့်ဖို့ အကြံပေးပါရစေရှင့် 💙

🚨100% Pure Oil တွေ ဖြစ်တာကြောင့် အရောင်/အနံ့ လုံးဝ မပါဝင်ပါရှင့်။

✨Mirror Skin Treatment Oil
15000ကျပ်

Photos from Road to Glass Skin's post 26/08/2026

ပြည်မြို့ Road to Glass Skinမှာ Mirror Products လေးတွေ instock ဝယ်လို့ရပါတယ်ရှင့်💙💙💙

23/08/2026

ကိုသားဖြိုးရဲ့ Honest Reviewလေး ရပါပြီရှင့်💙
ဦးရေပြား ကျမ်းမာရေး အတွက်ဆို Mirror တို့ရဲ့ Scalp Tonicကို မျက်စိမှိတ်ပြီးသာ သုံးလိုက်ပါ နောက်တ မရစေရပါဘူးရှင့်🫶🍀

💢 ဆံပင်ကျွတ်တာသက်သာဖို့ နဲ့ ဆံပင်အသစ်ပြန်ပေါက်ဖို့အတွက် Hair Care လုပ်တဲ့အခါ Hair Strand ကိုပဲ ဂရုစိုက်တာထက် Scalp Health ကိုပိုပြီး ဂရုစိုက်ဖို့လိုအပ်ပါတယ်။

သားဖြိုး သုံးနေတာ (၂)ဗူးမြှောက်ရှိနေပြီဖြစ်တဲ့ Scalp Recovery Tonic လေးအကြောင်း ပြောပြချင်တယ်။ တကယ်တော့ (၃)ဗူးမြှောက်လို့ပြောရင်ပိုမှန်မယ်။ သူ့ကို Launch မလုပ်ခင်မတည်းက သားဖြိုး ဆံပင်တွေပြန်ကျွတ်နေလို့ ဆိုပြီး Brand Owner ကိုပူဆာပြီး (၁)ဗူးအရင် သုံးခဲ့ဘူးတယ်။

[Honest Review] Mirror Root Renew Scalp Recovery Tonic

သားဖြိုး Review လေးမစခင်မှာ တစ်ခုပြောချင်တာက Consistency ရှိရှိ သေချာသုံးနိုင်တယ်ဆိုမှ Review လေးကို ဆက်ဖတ်ဖို့ပြောချင်ပါတယ်။

သားဖြိုး ကိုယ်တိုင်လည်း သေသေချာချာလေးသုံးကြည့်ပြီး အဆင်ပြေလို့ လာပြောပြတာဖြစ်တယ်။

ဆိုတော့ Review လေးစတာပေါ့။

🎯 Mirror ရဲ့ Scalp Recovery Tonic က ဆံပင်မကျွတ်အောင်၊ ဆံပင်အသစ်ပြန်ပေါက်အောင်ဆိုတာထက် “ဦးရေပြားကျန်းမာအောင်” ဆိုတာကို Target ထားတဲ့ Tonic ဖြစ်တယ်။

သူ Concept က Hair Root Condition ကောင်းအောင် Support ပေးမယ်။ ဦးရေပြားအတွက် လိုအပ်တဲ့ Moisture ကိုဖြည့်ပေးမယ်။ Dry & Uncomfortable Scalp ကို Soothe လုပ်ပေးမယ်။

Ingredients တွေအနေနဲ့လည်း ရှုပ်ထွေးမနေဘူး။ Niacinamide, Panthenol, Botanical Extract (Ziziphus Joazeiro Bark Extract @ Dandrilys) နဲ့ Hydrating Ingredients ဒီလောက်ပဲ။
သူတို့က ဦးရေပြားနဲ့ ဆံပင်အမြစ်တွေကို ကျန်းမာအောင်၊ Scalp Barrier ပိုကောင်းသည်ထက်ကောင်းအောင်၊ ဦးရေပြားအတွက် လိုအပ်တဲ့ အစိုဓာတ်ရရှိအောင် လုပ်ပေးတဲ့ Ingredients တွေဖြစ်တယ်။

ဒါကြောင့် သားဖြိုး အပေါ်မှာပြောခဲ့သလိုပဲ Hair Regrowth Treatment တစ်ခုလိုမဟုတ်ဘဲ Daily Scalp Care Tonic အနေနဲ့ကြည့်တာ ပိုမှန်လိမ့်မယ်။

သားဖြိုး Thesis ကြောင့်ရခဲ့တဲ့ Stress တွေနဲ့ အိပ်ရေးပျက်ရက်တွေ ဆက်တိုက်ရှိခဲ့တာမို့ အဲ့ကာလမှာ ဆံပင်တွေ ပြန်ကျွတ်တာဆိုတာ။
ဒါနဲ့ Mirror က Owner အစ်မကို ပြောပြတော့ အသစ်ထွက်ဖို့ရှိတဲ့ ဒီ Scalp Tonic လေးကိုသားဖြိုးကို ဦးဦးဖျားဖျားပေးသုံးခဲ့တယ်။
အဲ့ဗူးလေး တစ်ဗူးကုန်ခါနီးမှာ သိသိသာသာ ဆံပင်ကျွတ်တဲ့ ပမာဏ လျော့လာတာကိုတွေ့ရတယ်။
ပုံမှန် ကလိုရင်းခပ်ထားတဲ့ရေနဲ့ ခေါင်းလျှော်ရင် ဆံပင်အရမ်းကျွတ်ပြီး ဦးရေပြားကခြောက်သွေ့ ယားယံတာမျိုး ရှိတယ်ကွာ။ သူ့သုံးပြီး ၁ဗူးမကုန်ခင်မှာ အဲ့ပြဿနာမရှိတော့တာကို သတိထားမိတော့ မစိုးဘူးဆိုပြီး ဆက်သုံးလာခဲ့တာပါ။

ဆံပင်အသစ်ပေါက်လားဆိုတာထက် ဆံပင်အရှည်မြန်လာတာကတော့ အမှန်ပဲ။ သားဖြိုးက ဆံပင်အတိုပဲထားတဲ့သူဖြစ်တာကြောင့် Baby Hair ဘာညာကို သတိထားစောင့်ကြည့်တာမျိုးတော့မရှိခဲ့ဘူး။ ဒါပေမယ့် ကျို့တို့ ကျဲတဲ ကနေ ခပ်စိပ်စိပ်လေးဖြစ်လာသယောင်ကိုတော့ သတိထားမိတယ်။ ပုံမှန် ၁လကျော်မှ ဆံပင်ညှပ်ရတာကို ၁လတောင်မပြည့်သေးဘူး ဆံပင်တွေက ရှည်ပြီး ဘေးကိုကားထွက်နေလို့ ညှပ်ညှပ်ပေးနေရတယ်။

သားဖြိုးမှာ ဗောက်မရှိတော့ ဗောက်ထတာသက်သာတာ ဘာညာကိုတော့ သားဖြိုး သေချာမပြောတတ်ဘူး။ သေချာတာက ဦးရေပြားခြောက်သွေ့ပြီး ယားယံတာမျိုး လုံး၀မရှိတော့တာပဲ။

သားဖြိုးကတော့ ခေါင်းလျှော်ပြီး ဦးရေပြား မစိုမခြောက်မှာဖြန်းတယ်၊ ခေါင်းမလျှော်တဲ့နေ့မှာဆိုရင် မနက်ပိုင်း တစ်ကြိမ်ကိုတော့ မမေ့မလျော့ သတိထားပြီးဖြန်းဖြစ်ပါတယ်။

Mirror လိုမျိုး Scalp Recovery Tonic ကို ဦးရေပြားကျန်းမာရေးကို ဂရုစိုက်တဲ့ အနေနဲ့ ကိုယ့်ရဲ့ Hair Care Routine ထဲမှာ Supporting Step တစ်ခုအနေနဲ့ ထည့်သုံးဖို့ သားဖြိုး Recomment လုပ်တယ်။

🛒 Where to buy: Mirror Hair Mask

ဦးရေပြားကျန်းမာမှ ဆံပင်နဲ့ ဆံသားလည်းပိုကောင်းလာနိုင်တာမို့ “Start with the Scalp.” နော်…။

နောက် Review တွေမှာ ပြန်တွေ့တာပေါ့...။






#

22/08/2026

မန္တလေးမြို့ Nature Leaves Local Storeမှာ Mirror Products အစုံ Instock ဝယ်လို့ရပါတယ်ရှင့် 💙

ဆံသားကျန်းမာဖို့ Shampoo ကောင်းကောင်းသုံးရုံနဲ့ မလုံလောက်ပါဘူး။
ဆံသားရဲ့ အခြေခံက ဦးရေပြားဖြစ်တာကြောင့် ဦးရေပြားကျန်းမာမှ ဆံပင်အမြစ်တွေ သန်မာပြီး ဆံသားလည်း လှပလာမှာ ဖြစ်ပါတယ်✨

ဆံသားပြဿနာတော်တော်များများရဲ့ အရင်းအမြစ်က ဦးရေပြားကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။
ဒါကြောင့် Mirror Hair Mask Mirror က Shampoo တစ်မျိုးတည်းမဟုတ်ဘဲ�"Cleanse + Nourish + Recover" ဆိုတဲ့ Scalp Care System နဲ့ ဦးရေပြားကို အဆင့်လိုက် Care လုပ်ပေးနိုင်ဖို့ ဖန်တီးထားပါတယ် 💙

Mirror Scalp Science System မှ ထုတ်လုပ်ထားတဲ့
🫧 Mirror Nourishing Shampoo�🌿 Mirror Scalp Recovery Tonic
Combination လေးက ဦးရေပြားကို သန့်ရှင်းစေခြင်း၊ အစိုဓာတ်ဖြည့်တင်းပေးခြင်းနဲ့ ဆံပင်အမြစ်များကို အားဖြည့်ပေးခြင်းတို့ကို တစ်ပြိုင်နက်တည်း Care လုပ်ပေးနိုင်ပါတယ်။

✔️ ဦးရေပြားပြသနာများမဖြစ်အောင် ကာကွယ်ပေးခြင်း
✔️ ဦးရေပြားကို နူးညံ့စွာ သန့်စင်ပေးခြင်း�✔️ pH Balance ကို ထိန်းသိမ်းပေးခြင်း�✔️ အစိုဓာတ် ဖြည့်တင်းပေးခြင်း�✔️ ဆံပင်အမြစ်များ သန်မာစေခြင်း�✔️ ဆံသားကျွတ်ကျိုးမှုကို လျော့နည်းစေခြင်း�✔️ ကျန်းမာသော Scalp Environment ကို ထိန်းသိမ်းပေးခြင်း

🌿 Nourishing Shampoo မှာ
Kao Sofcare, Pro-Vitamin B5, Wheat Protein တို့ ပါဝင်လို့ ဆံသားနဲ့ ဦးရေပြားမှာ လိုအပ်တဲ့ အာဟာရတွေ ဖြည့်တင်းပေးပြီး ဦးရေပြားသန့်ရှင်းစေပြီး အစိုဓာတ်ထိန်းပေးပါတယ်။

🌿 Scalp Recovery Tonic မှာ
Dandrilys®, Niacinamide, Pro-Vitamin B5, Dub Diol တို့ ပါဝင်လို့ ဦးရေပြားကို အားဖြည့်ပေးပြီး ကျန်းမာတဲ့ ဦးရေပြား တည်ဆောက်ပုံ Scalp Environment ကို ထိန်းသိမ်းပေးပါတယ်။

ဒါကြောင့် Nourishing Shampoo နဲ့ Scalp Recovery Tonicလေးကို တွဲသုံးခြင်းအားဖြင့်…

✔️ ဆံသားလေးတွေကို အာဟာရပြည့်ဝစွာဖြင့် ဝပ်အိလှပစေခြင်း
✔️ ဦးရေပြားပြသနာများမဖြစ်အောင် ကာကွယ်ပေးခြင်း
✔️ နူးညံ့စွာ သန့်စင်ပေးခြင်း�✔️ pH Balance ကို ထိန်းသိမ်းပေးခြင်း�✔️ အစိုဓာတ် ဖြည့်တင်းပေးခြင်း�✔️ ဆံပင်အမြစ်များ သန်မာစေခြင်း�✔️ ဆံသားကျွတ်ကျိုးမှုကို လျော့နည်းစေခြင်း�✔️ ကျန်းမာသော Scalp Environment ကို ထိန်းသိမ်းပေးခြင်း

“ကျန်းမာတဲ့ ဦးရေပြားကပဲ လှပတဲ့ ဆံသားကို ဖန်တီးပေးနိုင်ပါတယ်”

မြန်မာငွေကျပ် 35,000 Ks နဲ့ ကျမ်းမာတဲ့ဦးရေပြား၊ လှပတဲ့ ဆံကေသာကို ရယူပါရှင့် 💙

💙 Mirror Nourishing Shampoo – 18,500 Ks
💙 Mirror Scalp Recovery Tonic – 16,500 Ks
ဝယ်ယူနိုင်သည့်လိပ်စာလေးကတော့👇👇👇👇
Nature Leaves 🌿🌿🌿
Local Products Shop
၃၈(A)လမ်း၊ ၇၂လမ်းနှင့် ၇၃ကြား၊ မင်းဝန်းရပ်၊ မန္တလေးတက္ကသိုလ်အနီး၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
09446376388/ 09781220074/ 09790907053
🌿🌿🌿

Photos from Shwe Wutt Hlwar Authentic Skincare Store's post 22/08/2026

မန္တလေးမြို့ Shwe Wutt Hlwar Authentic Skincare Storeမှာ Mirror Products အစုံ Instock ဝယ်လို့ ရပါတယ်ရှင့် 💙

22/08/2026

ချစ်ရတဲ့ Customer လေးတို့ရေ 💙

လက်ဆောင်လေးပေးရင်းနဲ့ မိုးအေးအေးမှာ Mirror ချစ်သူလေးတွေဆီက အကြံလေးတောင်းချင်လို့ ဝိုင်းစဉ်းစားပေးကြပါဦးရှင့် 💡

Mirror တို့လည်း ဦးနှောက်တွေ တကယ်ခမ်းကုန်လို့ပါ 😵‍💫

အခုဆိုရင် Mirror တို့ရဲ့ သက်တမ်းလေးက ၅ နှစ်နီးပါးရှိပါပြီ တစ်နှစ်ကို Product တစ်မျိုးလောက်တော့ ထုတ်နိုင်ခဲ့ပါတယ်။

ပထမဆုံး Mirror ရဲ့အသက်
Nourishing Hair Mask💙
ဆံသားကို အာဟာရအပြည့်အဝပေးပြီး နူးညံ့တောက်ပြောင်လှပစေတဲ့ Hair Mask လေးပါ။

ဒုတိယ
Nourishing Hair Serum✨
ဆံသားခြောက်သွေ့ဖွာထွက်တာတွေကို လျော့ချပေးပြီး ဆံသားကို ချောမွေ့တောက်ပြောင်စေတဲ့ Hair Serum လေးပါ။

တတိယ
Nourishing Shampoo🫧
ဆံသားနဲ့ ဦးရေပြားကို သန့်စင်ပေးရင်း ဆံသားအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးတဲ့ Shampoo လေးပါ။

စတုတ္ထ
Anti-Dandruff Shampoo🦠
ဗောက်ထခြင်းကို လျော့ချပေးပြီး ဦးရေပြားကို သန့်ရှင်းလန်းဆန်းစေတဲ့ Shampoo လေးပါ။

ပဉ္စမ
Scalp Recovery Tonic🍀
ဦးရေပြားကျန်းမာရေးကို ပြန်လည်ထိန်းသိမ်းပေးပြီး ဆံပင်အမြစ်တွေကို အားကောင်းစေဖို့ ကူညီပေးတဲ့ Tonic လေးပါ။

Hair Care နဲ့ပတ်သက်ပြီး Main Products ၅ မျိုးရှိပါပြီ။

ပြီးတော့ ဈေးကြီးပြီး ဝယ်ရခက်တဲ့ Oil လေး ၅ မျိုးကိုလည်း Miniလေးတွေ ထုတ်လုပ်ပေးထားပါတယ် ⭐️
( Argan Oil / Jojoba Oil/ Vitamin E/ Skin Treatment Oil/ Vegetable Glycerin )

အကုန်လုံးကတော့ သူ့ပရိတ်သတ်နဲ့သူ ကေသီတွေပါပဲရှင့်😁

ခုပြဿနာက ရှေ့ဆက်ပြီး Mirror ကနေ ဘာ Product ထပ်ထုတ်ရမလဲ၊ ဘယ်လို Product မျိုး ထုတ်ရမလဲဆိုတာ စဉ်းစားလို့မရတော့တာပါ😔

ဒါကြောင့် အသင့်တော်ဆုံးနဲ့ အသုံးဝင်ဆုံးဖြစ်မယ့် ထုတ်ကုန်အသစ်ကို ဘာထုတ်ရမလဲဆိုတာ အကြံပေးကြပါဦးနော်🔆🤍

အကြံပေးကြတဲ့အထဲက Mirror တို့အတွက် အလင်းပြပေးနိုင်မယ့် Product ကို Comment ပေးနိုင်တဲ့သူ၊ အကြံကောင်းပေးနိုင်တဲ့သူတွေထဲက ၅ ယောက်ကို Scalp Recovery Tonic လေး လက်ဆောင်ပေးပါ့မယ်ရှင့်💐🎁

Hair Mask လေးတော့ ရအောင်ပြန်မလုပ်ပေးနိုင်သေးဘူး ပစ္စည်းသစ်တွေတော့ ထုတ်ချင်နေတယ်ဆိုပြီး မဆူကြပါနဲ့ဦးနော် 😅😁
Hair Mask လေးလည်း မကြာခင် ပြန်ရတော့မှာပါ💙

ဒါကြောင့် အမြဲအတူရှိပေးကြတဲ့အတိုင်း အခုလည်း Mirror တို့နဲ့အတူ ပစ္စည်းကောင်းလေးတခု ထွက်လာဖို့ ဝိုင်းစဉ်းစားပေးကြပါဦးနော် အချစ်တို့ 🫶🌸

Photos from PK Skincare & Cosmetics's post 22/08/2026

တာချီလိတ်မြို့ PK Skincare & Cosmeticsမှာ Mirror Productအစုံ Instock ဝယ်လို့ရပါတယ်ရှင့် 💙

Want your business to be the top-listed Beauty Salon in Insein?
Click here to claim your Sponsored Listing.

Telephone

Website

Address


Insein
11011

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00