Idyllic Hair Studio

Idyllic Hair Studio

Share

Idyllic is a minimalist hair studio, designed to provide professional hair services with cozy vibes.

Well experienced professional hairstylist here at Idyllic is thrilled to serve you with professional hair care products.

01/09/2026

တစ်ရက်ကို ဆံပင်ဘယ်နှစ်ပင်အထိ ကျွတ်ရင်ပုံမှန်လဲ?

ပုံမှန်အားဖြင့် တစ်ရက်ကို ဆံပင် ၅၀–၁၀၀ ဝန်းကျင် ကျွတ်တာဟာ သဘာဝအတိုင်း ဖြစ်နေတဲ့ Hair Growth Cycle ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့… တစ်ရက်ကို ဆံပင် ၂၀၀ ထက်ပိုပြီး သိသိသာသာ ကျွတ်နေပြီဆိုရင်တော့ ပုံမှန်ထက်များနေတဲ့
လက္ခဏာဖြစ်နိုင်ပါတယ်။

အထူးသဖြင့် ဆံပင်ကျွတ်တာ ဆက်တိုက်ဖြစ်နေခြင်း၊ ဆံပင်ပါးလာခြင်း၊ ခေါင်းဖြီးတဲ့အခါ/ရေချိုးတဲ့အခါ အများကြီးကျွတ်ခြင်း တွေပါ တွေ့လာရရင် သင့်ရဲ့ Hair Growth Cycle နဲ့ ဆံပင်ကျန်းမာရေးကို သေချာဂရုစိုက်ဖို့ လိုအပ်လာပါပြီ။

ဆံပင်ကျွတ်ရတဲ့အကြောင်းရင်းက လူတစ်ယောက်နဲ့ တစ်ယောက် မတူနိုင်တာကြောင့် ကိုယ့်ဦးရေ၊ ဆံပင်အခြေအနေနဲ့ ကိုက်ညီတဲ့ Targeted Care Routine ကို ရွေးချယ်ပေးဖို့ အရေးကြီးပါတယ်။

သင့်ရဲ့ ဆံပင်ကျွတ်တဲ့ပြဿနာအတွက် ဘယ်လို Care Routine မျိုး လိုအပ်လဲ သိချင်ရင် comment မှာမေးထားခဲ့လို့ရပါတယ်။

28/08/2026

လျှော်မဲ သုံးတာ ဆံပင်အတွက် တကယ်ကောင်းရဲ့လား?

အသက်အရွယ်ကြောင့်ဖြစ်စေ၊ မျိုးရိုးကြောင့်ဖြစ်စေ
ဆံပင်ဖြူလာတဲ့အခါ အလွယ်တကူဖုံးဖို့ “လျှော်မဲ” ကို
ရွေးချယ်လေ့ရှိကြပါတယ်။

အချိန်တိုအတွင်း ဆံပင်ဖြူကို အမဲရောင်ဖြစ်စေနိုင်တာက အားသာချက်တစ်ခုပါ။

ဒါပေမဲ့—

မြန်မြန်အရောင်စွဲတာ နဲ့ ဆံပင်နဲ့ ဦးရေပြားအတွက်
ကောင်းတာကတော့ မတူပါဘူး

ဈေးကွက်ဝင် လျှော်မဲများရဲ့ အားသာချက်

• ဈေးနှုန်းသက်သာခြင်း
• အချိန်တိုအတွင်း ဆံပင်ဖြူဖုံးနိုင်ခြင်း
• အသုံးပြုရလွယ်ကူခြင်း

သတိထားသင့်သည့်အချက်များ

• ဓာတုပစ္စည်းများကြောင့် ဦးရေပြားယားယံခြင်း၊ နီရဲခြင်း
နှင့် ဓာတ်မတည့်မှု ဖြစ်နိုင်ခြင်း
• မကြာခဏအသုံးပြုပါက ဆံသားခြောက်သွေ့ခြင်း၊
ကြမ်းတမ်းခြင်းနှင့် ကျိုးပဲ့လွယ်ခြင်း
• “Natural” သို့မဟုတ် “Herbal” ဆိုတိုင်း ဓာတုပစ္စည်းကင်းသည်ဟု မယူဆသင့်ခြင်း။
ထုတ်ကုန်တစ်ခုချင်းစီရဲ့ ပါဝင်ပစ္စည်းတွေ ကွာခြားနိုင်ပါတယ်။

လျှော်မဲက ဆံပင်ဖြူကို အချိန်တိုအတွင်း ဖုံးကွယ်ပေးနိုင်တဲ့ cosmetic solution တစ်ခု ဖြစ်နိုင်ပေမယ့်၊ ရေရှည်မှာ ဆံသားနဲ့ ဦးရေပြားအတွက် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ဆံပင်ဖြူကိုဖုံးဖို့ မြန်ဆန်တဲ့နည်းလမ်းကိုသာမရွေးချယ်ဘဲ၊ ဆံသားအခြေအနေ၊ ဦးရေပြားအခြေအနေနဲ့ သင့်တော်တဲ့
နည်းလမ်းကို professional stylist တွေနဲ့တိုင်ပင်ပြီး
ရွေးချယ်စေချင်ပါတယ်။

Photos from Idyllic Hair Studio's post 26/08/2026

ဆံပင်တွေ တဖြည်းဖြည်းပါးလာလို့ စိတ်ညစ်နေလား?

ခေါင်းဖြီးတိုင်း ဆံပင်တွေ ပိုကျွတ်လာတာ၊ အရင်ကထက် ဆံပင်ပါးလာတာကို သတိထားမိနေပြီဆိုရင်
အကြောင်းရင်းကို သိရှိပြီး မှန်ကန်စွာ ထိန်းသိမ်းဖို့
အရေးကြီးပါတယ်။ ❤️

ဆံပင်ကျွတ်ပြီး ပါးလာစေနိုင်တဲ့ အဓိကအကြောင်းရင်း (၅) ချက်👇

1️⃣ မျိုးရိုးဗီဇ (Genetics)
မိသားစုထဲမှာ ဆံပင်ပါး/ ဆံပင်ကျွတ်တာများတဲ့
မျိုးရိုးရှိရင် ဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။

2️⃣ ဟော်မုန်းအပြောင်းအလဲ (Hormonal Changes)
ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။

3️⃣ အာဟာရဓာတ် မလုံလောက်ခြင်း (Nutrient Deficiency)
ပရိုတင်း၊ သံဓာတ်နဲ့ အချို့သော ဗီတာမင်/သတ္တုဓာတ်တွေ မလုံလောက်တာလဲဆံပင်ကျွတ်ခြင်းနဲ့ ဆက်စပ်နိုင်ပါတယ်။

4️⃣ စိတ်ဖိစီးမှု (Stress)
စိတ်ဖိစီးမှုများခြင်း၊ အနားယူမှုမလုံလောက်ခြင်း၊ အိပ်ရေးပျက်ခြင်း တွေကလည်း ဆံပင်ကျွတ်စေနိုင်ပါတယ်။

5️⃣ ဆံပင်ကို chemical/ အပူထိတွေ့မှုများခြင်း
အပူပေးခြင်း၊ ဆံပင်ဆိုးခြင်း၊ ဓာတုပစ္စည်းပါဝင်တဲ့ treatment တွေကို မကြာခဏပြုလုပ်ခြင်းက ဆံသားပျက်စီးမှုနဲ့ ကျိုးပဲ့မှုကို ဖြစ်စေနိုင်ပါတယ်။

ဦးရေပြားနဲ့ဆံသားကို ကျန်းမာအောင် ဘယ်လိုထားရမလဲ?

အာဟာရပြည့်ဝအောင် စားပါ။
ပရိုတင်း၊ သံဓာတ်နဲ့ အာဟာရဓာတ်မျိုးစုံ ပါဝင်တဲ့ အစားအစာတွေကို မျှတစွာ စားသုံးပါ။

ဦးရေပြားကို သန့်ရှင်းအောင်ထားပြီး အသာအယာ နှိပ်နယ်ပေးနိုင်ပါတယ်။

နူးညံ့တဲ့ Hair Care Products ရွေးပါ။
ကိုယ့်ဦးရေပြားနဲ့ ဆံသားအမျိုးအစားနဲ့ ကိုက်ညီတဲ့ ပစ္စည်းတွေကို ရွေးချယ်ပြီး အသုံးပြုပါ။

အိပ်ရေးဝဝအိပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အနားယူခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပါ။

ရေဓာတ်လုံလောက်အောင် ထိန်းသိမ်းပါ။

သတိပြုရန် ⚠️
ဆံပင်ကျွတ်တာ ရုတ်တရက်အလွန်များလာခြင်း၊ အကွက်လိုက်ကျွတ်ခြင်း သို့မဟုတ် ဦးရေပြားမှာ ယားယံခြင်း/ရောင်ရမ်းခြင်းတွေ ဖြစ်လာရင် အကြောင်းရင်းကို သိရှိနိုင်ဖို့ ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။

ဆံကေသာလှပဖို့အတွက် အရင်ဆုံး ကျန်းမာတဲ့ ဦးရေပြားနဲ့ မှန်ကန်တဲ့ Hair Care Routine ကနေ စတင်လိုက်ပါ။

Photos from Idyllic Hair Studio's post 23/08/2026

ခေါင်းစည်းကြိုးကြောင့် ဆံပင်တွေ ပို ပြတ်/ ပျက်စီး
နိုင်တယ်ဆိုတာ သိပါသလား?

နေ့တိုင်း ဆံပင်ကို တင်းတင်းချည်ပြီး ပြန်ဖြုတ်တဲ့အခါ ပွတ်တိုက်မှု (Friction) နဲ့ ဆွဲအားတွေကြောင့် ဆံသားတွေကို ထိခိုက်စေနိုင်ပါတယ်။

အထူးသဖြင့် ကြမ်းတမ်းတဲ့ ခေါင်းစည်းကြိုးတွေက
ဆံပင်ရဲ့ အပြင်ဘက်အလွှာဖြစ်တဲ့ Cuticle ကို ပိုမို
ပွတ်တိုက်မှုဖြစ်စေပြီး ဆံပင်ပြတ်ခြင်း (Hair Breakage) ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

ဒါကြောင့် ဆံပင်ကို ပိုနူးညံ့စွာ ထိန်းသိမ်းချင်တယ်ဆိုရင်
Silk / Satin လို ချောမွေ့တဲ့ material နဲ့ ပြုလုပ်ထားတဲ့ Hair Tie / Scrunchie တွေကို ရွေးချယ်နိုင်ပါတယ်။ ပွတ်တိုက်မှုကို လျှော့ချပေးနိုင်တာကြောင့် ဆံပင်အတွက် ပိုနူးညံ့တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။

ဆံပင်ကို ကာကွယ်ဖို့—
• ဆံပင်ကို အရမ်းတင်းတင်း မချည်ပါနဲ့
• ကြမ်းတမ်းတဲ့ fabric ကြိုးတွေ၊ rubber elastic tie တွေကို ရှောင်ပါ။
• ခေါင်းစည်းကို ဖြုတ်တဲ့အခါ ဖြည်းဖြည်းချင်း ဖြုတ်ပါ
• Silk / Satin လို ချောမွေ့တဲ့ material တွေကို
ရွေးချယ်ကြည့်ပါ

သတိထားရန် — Hair Breakage နဲ့ Hair Loss မတူပါ။

ခေါင်းစည်းဖြုတ်လိုက်တိုင်း ဆံပင်တွေ ပါလာတာဟာ အမြစ်ကနေ ကျွတ်တာဖြစ်နိုင်သလို၊ ချည်ထားစဉ်
အတွင်း ဆံပင်ပြတ်ထွက်တာလည်း ဖြစ်နိုင်ပါတယ်။

ဆံပင်ကို လှပစေဖို့ဆိုတာ ခေါင်းလျှော်တာတင်မကပါဘူး—နေ့တိုင်း ဘယ်လိုချည်ထားလဲဆိုတာလည်း အရေးကြီးပါတယ်။

Photos from Idyllic Hair Studio's post 22/08/2026

သုံးနေကျ Favorite Hair Mask က တကယ်ပဲ အာနိသင် မပြတော့တာလား?

အများစုက “ဆံပင်က ဒီ Mask နဲ့ ကျင့်သားရသွားလို့ အာနိသင် မပြတော့တာ” ဆိုပြီး Mask အသစ်တွေ ခဏခဏပြောင်းသုံးတတ်ကြပါတယ်။

တကယ်တော့ ဆံပင်က Hair Mask ကို ကျင့်သားရလာတာ မဟုတ်ပါဘူး။

တချို့အခြေအနေတွေမှာ အကြောင်းရင်းက Product Buildup ဖြစ်နိုင်ပါတယ်။ Silicones အချို့၊ Styling Products၊ Oils နဲ့ Conditioning Ingredients တွေ ထပ်ခါထပ်ခါသုံးတဲ့အခါ ဆံပင်ပေါ်မှာ product အကြွင်းအကျန်တွေ စုလာပြီး ဆံပင်က လေးလံလာနိုင်ပါတယ်။

ဒီလိုအချိန်မှာ Mask အသစ်လဲဖို့ထက် Hair Reset လုပ်ကြည့်လို့ရပါတယ်။

✨ How to Reset Your Hair

၁။ Clarifying Shampoo သုံးပါ
Product residue နဲ့ buildup တွေကို ပိုမိုထိရောက်စွာ သန့်စင်ပေးနိုင်ပါတယ်။

၂။ Hard Water သုံးသူဆို Chelating Shampoo ကို စဉ်းစားပါ
Chelating Shampoo ဆိုတာ ရေထဲက Calcium, Magnesium လို သတ္တုဓာတ်အကြွင်းအကျန်တွေ ဆံပင်ပေါ်မှာ ကပ်ကျန်နေတာကို ဖယ်ရှားပေးတဲ့ Shampoo မျိုးပါ။

၃။ Reset လုပ်ပြီးမှ သုံးနေကျ Hair Mask / Deep Treatment ပြန်သုံးပါ။

ဆံပင်က Product နဲ့ “ကျင့်သားရသွားတာ” မဟုတ်ပါဘူး။
တစ်ခါတလေ အသစ်ထပ်ထည့်ဖို့ထက် အရင်ဆုံး
သန့်စင်ပေးဖို့ လိုတာပါ။

19/08/2026

ဦးရေပြားက အဆီပြန်… ဆံသားကတော့ခြောက်သွေ့နေတယ်ဆိုရင်

ဦးရေပြားမှာအဆီထွက်ပေမယ့် ဆံပင်အရှည် တစ်လျှောက်ကို အညီအမျှ မရောက်နိုင်သလို၊ washing, heat styling, chemical treatment နဲ့ friction တွေကြောင့် ဆံပင်အရှည်နဲ့ ဆံဖျားတွေကလည်း ခြောက်သွေ့ပြီး ပျက်စီးနိုင်ပါတယ်။

ဒါကြောင့် Scalp နဲ့ Hair Ends က လိုအပ်ချက်မတူလို့ Care လုပ်တဲ့နေရာကို ခွဲပေးဖို့လိုပါတယ်

Shampoo (for oily scalp) → Scalp
ဦးရေပြားကို အဓိကထားပြီး အဆီနဲ့ buildup တွေကို သန့်စင် ပေးပါ။

Conditioner (hydrating/ moisturizing) → Mid-lengths & Ends
ဆံပင်ခြောက်တဲ့အပိုင်းကို ပိုမိုချောမွေ့ပြီး စိုပြေစေဖို့ ကူညီပေးနိုင်ပါတယ်။

Serum / Hair Oil → Ends
ဆံသားခြောက်ခြင်းနဲ့ frictionကို လျှော့ချပေးနိုင်ပါတယ်။

Clarifying shampoo → လိုအပ်ရင် အသုံးပြုပါ။

ကိုယ့်ရဲ့ Scalp နဲ့ Hair Length ရဲ့ လိုအပ်ချက်အလိုက် ခွဲပြီး Care လုပ်ပေးရင် ဦးရေပြားရော ဆံသားပါ ကျန်းမာလာနိုင်ပါတယ်။

18/08/2026

Conditioner သုံးရင် ဆံပင် dryerမှုတ်တဲ့အခါ ပိုမြန်မှာလား/ ပိုကြာမှာလား???

Conditioner သုံးလိုက်ရင် ဆံပင်လေးလံသွားပြီး ပိုအခြောက်နှေးမယ် လို့ အများစု ထင်တတ်ကြပါတယ်။

ဒါပေမယ့် Conditioner သုံးပြီးနောက် ဆံပင်က Dryer မှုတ်တဲ့အခါ ခြောက်ရပိုလွယ်သွားနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့—

Conditioner ထဲက conditioning ingredients တချို့က ဆံပင်မျက်နှာပြင်ကို ပိုချောမွေ့ပြီး ရေစက်တွေ
ပိုလွယ်လွယ်ကူကူ လျှောကျစေတယ်။

Conditioner က ဆံပင်တပင်နဲ့တပင်ပွတ်တိုက်မှုကိုလျှော့ပေးနိုင်တာကြောင့် ဆံပင်တွေ ပိုမငြိမကပ်ဘဲ Dryer ရဲ့ လေက ထိတွေ့ဖို့ ပိုလွယ်ကူနိုင်ပါတယ်

Conditioner က ဆံပင်မျက်နှာပြင်ပေါ်မှာ conditioning layer တစ်ခုဖန်တီးပေးပြီး cuticle တွေကိုပိတ်ပေးတာကြောင့် ဆံပင်က ပိုချော၊ ပိုလွယ်ကူစွာ ဖြီးနိုင်ပြီး ရေစိုနေတဲ့အချိန်မှာလည်း ဆံပင်ပျက်စီးမှုကို လျှော့ချပေးတယ်။

Pro-Tip:
Conditioner သုံးလို့ ဆံပင်အခြောက်မြန်တာက လူတိုင်းမှာ မတူနိုင်ပါဘူး။ Hair type, ဆံပင်အထူ၊ ရေဘယ်လောက်စိုနေသလဲ၊ Dryer ရဲ့ airflow နဲ့ temperature စတာတွေပေါ် မူတည်ပါတယ်။

ဒါပေမယ့် အခြောက်မြန်ပြီး Dryer သုံးချိန် တိုသွားနိုင်ရင် အပူနဲ့ထိတွေ့မှုကိုလျှော့ချနိုင်တဲ့အတွက် ပျက်စီးမှုနည်းစေပါတယ်။
Heat damage ကို ပိုလျော့ချချင်ရင်တော့ အပူအမြင့်ဆုံးနဲ့ အနီးကပ်မမှုတ်ဘဲ၊ Dryer ကိုသင့်တော်တဲ့အပူချိန်နဲ့ အသုံးပြုပေးဖို့မမေ့ပါနဲ့။

04/08/2026

(၅) မိနစ်အတွင်း Hair Porosity ကို အိမ်မှာ စမ်းသပ်ကြည့်ရအောင်!

ဆံပင်ထိန်းသိမ်းရတာ အဆင်မပြေဘူးလား? 🤔
အကြောင်းရင်းက Hair Porosity (ဆံသားရဲ့ ရေနဲ့ အာဟာရဓာတ် စုပ်ယူနိုင်စွမ်း) ကို မသိသေးလို့ ဖြစ်နိုင်ပါတယ်။

Hair Porosity ဆိုတာ ဆံသားရဲ့ Cuticle (အကြေးခွံလေးတွေ) ဘယ်လောက်ပွင့်၊ ဘယ်လောက်စေ့နေသလဲဆိုတဲ့ အခြေအနေအပေါ် မူတည်ပြီး အဓိက (၃) မျိုး ခွဲနိုင်ပါတယ်။

အိမ်မှာတင် လွယ်လွယ်ကူကူ စမ်းကြည့်နိုင်တဲ့ Float Test ကို လုပ်ကြည့်ရအောင်👇

🧪 Float Test
Shampoo နဲ့သေချာသန့်စင်ထားတဲ့ ဆံပင်တစ်မျှင်ကိုယူပါ။ဖန်ခွက်အကြည်ထဲ ရေထည့်ပြီး ဆံပင်ကို ရေပေါ်တင်လိုက်ပါ။ ၃ - ၅ မိနစ်ခန့် စောင့်ကြည့်ပါ။

✅ ရေပေါ်ပေါ်နေရင် → Low Porosity

• အာဟာရစုပ်ယူဖို့ ခက်၊ သုံးတဲ့ hair products တွေ
ဆံပင်ပေါ်မှာပဲ ကျန်ရှိနေတတ်ပါတယ်

• ပေါ့ပါးတဲ့ Water-based Products သို့မဟုတ် Leave-in Spray ကို ရွေးသုံးပါ။
• heavy oil ပါတဲ့ Product တွေကို လျှော့သုံးပါ။
• ၂ - ၄ ပတ်တစ်ကြိမ် Clarifying Shampoo နဲ့ deep cleansing လုပ်ပေးနိုင်ပါတယ်။

✅ ရေအလယ်မှာနေရင် → Medium Porosity

• ကျန်းမာပြီး မျှတတဲ့ ဆံသား

• ပုံမှန် Shampoo & Conditioner နဲ့ လုံလောက်ပါတယ်။
• Deep Conditioning ကို အချိန်အခါအလိုက် လုပ်ပေး
နိုင်ပါတယ်။

✅ ရေအောက်မြှုပ်သွားရင် → High Porosity

• Chemical Treatment၊ Bleach၊ Color သို့မဟုတ် Heat Damage ကြောင့် Cuticle တွေ ပွင့်နေပြီး ရေစုပ်ယူတာ မြန်သလို အစိုဓာတ်လည်း မြန်မြန်ဆုံးရှုံးတတ်ပါတယ်။

• Hydrating Conditioner သို့မဟုတ် Hair Mask နဲ့ အစိုဓာတ်ဖြည့်ပါ။
• Protein/Bond Repair Treatment တွေ အသုံးပြုပါ။
• နောက်ဆုံး Hair Oil သို့မဟုတ် Cream နဲ့ Moisture ကို Lock in လုပ်ပေးပါ။

💡 Extra Tip
Float Test က Hair Porosity ကို ခန့်မှန်းသိနိုင်တဲ့ နည်းလမ်းတစ်ခုသာ ဖြစ်ပြီး ၁၀၀% အတည်ပြုနိုင်တဲ့ စမ်းသပ်နည်းတော့ မဟုတ်ပါဘူး။ ဆံပင်ကို သေချာမသန့်စင်ထားရင် အရင်သုံးထားတဲ့ hair care products အကြွင်းအကျန် (သို့မဟုတ်) အဆီကျန်နေရင် ရလဒ် ပြောင်းလဲနိုင်ပါတယ်။

✨ ကိုယ့် Hair Porosity ကို သိထားမယ်ဆိုရင် ကိုယ့်ဆံပင်နဲ့ လိုက်ဖက်တဲ့ Shampoo၊ Conditioner နဲ့ Hair Care Products တွေကို ပိုပြီးမှန်ကန်စွာ ရွေးချယ်နိုင်ပါတယ်။

သင်က ဘယ် Hair Porosity အမျိုးအစား ဖြစ်နေတယ်လို့ ထင်လဲ? Comment မှာ မျှဝေပေးခဲ့နော်! 💖

03/08/2026

မျက်နှာတင် မဟုတ်ပါဘူး… ဦးရေပြားကိုလည်း Scrub တိုက်ပေးဖို့ လိုပါတယ်

မျက်နှာပေါ်က ဆဲလ်သေတွေကို Exfoliate/Scrub လုပ်ပေးသလိုပဲ… ဦးရေပြား (Scalp) မှာလည်း ဆဲလ်သေတွေ၊ အဆီပိုတွေ၊ ဖုန်မှုန့်တွေနဲ့ Hair Product အကြွင်းအကျန်တွေ စုပုံနေနိုင်ပါတယ်။

ပုံမှန် Shampoo တစ်မျိုးတည်းနဲ့ ဒီအညစ်အကြေးတွေကို အပြည့်အဝ ဖယ်ရှားဖို့ မလွယ်ကူတာကြောင့် Scalp Scrub ကို အသုံးပြုပေးဖို့ လိုအပ်ပါတယ်။

Scalp Scrub တိုက်ပေးရင် ဘာတွေကောင်းလာမလဲ?

၁။ ဗောက်ထတာနဲ့ အဆီပြန်တာကို လျှော့ချပေးတယ်
ဦးရေပြားပေါ်က ဆဲလ်သေတွေနဲ့ အဆီပိုတွေကို ဖယ်ရှားပေးတာကြောင့် ဦးရေပြား သန့်ရှင်းပြီး အဆီပြန်တာနဲ့ ဗောက်ထတာကို လျော့ပါးစေပါတယ်။

၂။ Scalp Care Product တွေ စုပ်ယူနိုင်စွမ်း ပိုကောင်းလာတယ်
ဦးရေပြား သန့်ရှင်းလာတဲ့အခါ Scalp Serum, Scalp Tonic စတဲ့ Product တွေရဲ့ အာဟာရကို ပိုမိုစုပ်ယူနိုင်စေပြီး ဦးရေပြားကို ကျန်းမာစေပါတယ်။

✅ ၃။ သွေးလှည့်ပတ်မှုကို အားပေးတယ်
Scrub လုပ်တဲ့အချိန် ဦးရေပြားကို အသာအယာ Massage လုပ်ပေးတာက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဦးရေပြားကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။

⚠️ Scalp Scrub သုံးတဲ့အခါ သတိထားသင့်တာတွေ

✔️ ၁ ပတ် ၁ ကြိမ် (သို့) ၂ ပတ် ၁ ကြိမ် လောက်ပဲ အသုံးပြုပါ။
အသုံးများလွန်းရင် ဦးရေပြား ခြောက်သွေ့ပြီး Sensitive ဖြစ်နိုင်ပါတယ်။

✔️ လက်ချောင်းထိပ်လေးတွေနဲ့ အသာအယာ Massage လုပ်ပါ။
❌ လက်သည်းနဲ့ မကုတ်ပါနဲ့။

✔️ ဦးရေပြားမှာ ဒဏ်ရာ၊ ယားယံမှု ပြင်းထန်တာ၊ ဝက်ခြံ သို့မဟုတ် ရောင်ရမ်းနေတဲ့နေရာတွေရှိရင် မသုံးသင့်ပါ။

Healthy Hair က Healthy Scalp ကနေ စပါတယ်။
ဦးရေပြားကိုလည်း မျက်နှာလိုပဲ ပုံမှန်ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့နော်။

📌 ဒီ Hair Care Tips လေးက အသုံးဝင်တယ်ဆိုရင် Like ❤️, Share 📲 နဲ့ Save 💾 ထားပြီး တခြားသူတွေကိုလည်း မျှဝေပေးလိုက်ပါဦး။

02/08/2026

Sulfate-Free Shampoo က ဘယ်သူတွေအတွက်
ပိုသင့်တော်မလဲ?

၁။ ဆံပင်အရောင်ဆိုးထားသူများ
Sulfate ပါတဲ့ Shampoo အချို့က ဆံပင်အရောင်
ပိုမြန်မြန်ကျစေနိုင်ပါတယ်။ အရောင်ကို ကြာရှည်ထိန်းထားချင်ရင် Sulfate-Free Shampoo ကို ရွေးချယ်
အသုံးပြုသင့်ပါတယ်။

၂။ ဆံပင်ကောက်၊ ဖြောင့် သို့မဟုတ် Chemical Treatment လုပ်ထားသူများ
Chemical Treatment လုပ်ထားတဲ့ ဆံသားတွေဟာ ပိုမို
ပျက်စီးလွယ်နိုင်တာကြောင့် နူးညံ့တဲ့ Sulfate-Free Shampoo ကို အသုံးပြုခြင်းက ဆံသားပျက်စီးမှုကိုလျှော့ချပေးနိုင်ပါတယ်။

၃။ ဦးရေပြား သို့မဟုတ် ဆံသားခြောက်သွေ့သူများ
Sulfate ပါတဲ့ Shampoo အချို့က သဘာဝ အဆီဓာတ်ကို ပိုမိုဖယ်ရှားနိုင်တာကြောင့် ဦးရေပြားခြောက်သွေ့သူတွေမှာ ယားယံခြင်း၊ တင်းကျပ်သလိုခံစားရခြင်းတို့ ဖြစ်နိုင်တဲ့ အတွက် sulphate free shampoo ကိုရွေးချယ်နိုင်ပါတယ်

Extra Tip
အချို့သော Sulfate-Free Shampoo တွေက အမြှုပ်ထွက်အား နည်းတတ်ပါတယ်။ ခေါင်းမလျှော်ခင် ဆံပင်ကို ရေနဲ့ သေချာစိုအောင်လုပ်ပြီးမှ Shampoo သုံးပေးရင်
လျှော်ရလွယ်ပါတယ်။

Want your business to be the top-listed Hair Salon in Dagon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 30 G-A, Yaw Min Gyi Street, Dagon Tsp, Yangon
Dagon
11191

Opening Hours

Monday 09:30 - 17:30