Beauty Creator wig shop
Beauty Creator is a new hair wig brand and you can get various kinds of wigs from us.
ဆံသားအစစ်လေးတွေကိုအိမ်မှာ ဘယ်လိုလျှော်ပြီး treatment လုပ်ရမလဲဆိုတာလေး ဇင်ပြပေးထားပါတယ်ရှင်...ပေါင်းဆေးဖျော်တဲ့အခါ ရေနွေးလေးနဲ့ဖျော်ပေးတာရယ်.. dryer မှုတ်ပြီးတာနဲ့ ဖြောင့်စက် / ကောက်စက်နဲ့ တန်းပုံသွင်းတာရယ်က ဆံသားလေးအမြဲတောက်ပပြီး ပုံကျလှပနေစေဖို့ရဲ့ လျှို့ဝှက်ချက်ပါပဲနော်..
ခွဲကြောင်းပြောင်းလို့ရတဲ့ Full lace topperလေးတွေ မှာလို့ရပါပြီရှင် 😘 ဆံပင်အရောင်နဲ့အရှည်မတူပဲကိို့ယို့ကားယားဝတ်ပြထားတာတောင် အဆင်ပြေသယောင်တွေ့ရမှာပါ 😁 အရောင်နဲ့အရှည်လေးသာကိုယ်နဲ့လိုက်ဖက်အောင် customized order လေးမှာရင် ဘယ်လောက်တောင်သဘာဝဆန်လိမ့်မလဲရှင် 😘
Normal price 5သိန်းဝန်းကျင် ကို ပစ္စည်း သစ်မိတ်ဆက်မို့ အခုယူရင်
Price ~ 4သိန်းခွဲဝန်းကျင် ပါရှင်
06/09/2026
ဆံသားအစစ် တစ်ခေါင်းလုံးစွပ်ဆံပင်တုလေးကို အရမ်းကြီးလည်း မထူပဲ..ကိုယ့်ခေါင်းကဆံပင်အစစ်လေးတွေအတိုင်း normal density လေးနဲ့ကို အရှည်ကြီး လိုချင်တဲ့ ဇင့် customer လေးတွေအတွက်...
30"-32" လေး တွေ instock ပါရှင် 😘
Price ~ 12သိန်းဝန်းကျင်ပါ..
Grade 10 quality မို့ ချွတ်ဆေးသုံးပြီး ဆေးဆိုးလို့ရ.. ဖြောင့်ဆေး ကောက်ဆေး လည်းသုံးလို့ရပါတယ်နော် 😘
#ဆံပင်တု #ဆံပင်
Customer မမချောချောလေးအတွက် လိုချင်တဲ့အရောင်လေး ဖန်တီးပေးဖြစ်သော 😍
ဒီ 4pcs တန်းပြားလေးတွေကလေ normal density ကြိုက်တဲ့သူဆို 4pcs နဲ့အဆင်ပြေပေမယ့်..
*ဆံပင်လေးကို ထူထူလေးဝတ်ရတာကြိုက်ရင်.. ကိုယ့်ဆံပင်လေးက အရမ်းတိုနေရင် ပိုသဘာဝဆန်အောင်... ၆ပြား ၈ပြားတွေအထိလည်း ကိုယ့်စိတ်ကြိုက်အပြားရေတိုးဝတ်လို့ရသလို..
*ကိုယ့်နဂိုဆံပင်အရှည်လေးအတိုင်းကိုပဲ ထူအောင် အတွင်းက ထည့်ချင်ရုံဆိုရင် 2ပြား 3ပြားလည်း ကိုယ်လိုသလို ခွဲဝယ်လို့ရပါတယ်ရှင်.. (4ပြားအောက်ဆိုရင် ၁ပြားချင်းစီစျေးလေးက ၄ပြားစာစျေးလေးထက်တော့ပိုများတာမို့ ၄ပြားကနေ ၄ပြားအထက်ဝယ်တာကတော့ ပိုတန်ပါတယ်ရှင်)
ကိုယ့်ဆံပင်လေးထက်ရှည်အောင်ဆက်ချင်တာဆိုရင်တော့ သဘာဝဆန်အောင် အနည်းဆုံး ၄ပြား 4pcs 1 set ကတော့ မဖြစ်မနေ သုံးရပါမယ်နော် 😘
Video ထဲကလို 24" 4pcs 1 set စျေးလေးကတော့ ၁၀ သိန်း၅သောင်းဝန်းကျင်ပါ.. colour ဆိုးရင်ဆိုးခလေး ထပ်ပေးရပါမယ်ရှင်.. 16" to 32" အထိကို ကိုယ်လိုချင်တဲ့အရှည်နဲ့ colour လေးပြောပြီး Customized order လေးတွေ အပ်လို့ရပါပြီနော် 😘
24" လေးကတော့ instock ရပါမယ်ရှင်.. တခြား hair length လေးတွေမှာချင်ရင်တော့ Preorder ~ Full prepaid / waiting ~ 2 to 3 weeks မို့ ငွေအပြည့်ကြိုချေပြီး ၂ပတ်ကနေ ၃ပတ်ကြား စောင့်နိုင်သူလေးတွေပဲ ကျေးဇူးပြုပြီး မှာပေးဖို့မေတ္တာရပ်ခံပါရစေရှင် 🥰
#ဆံပင်ဆက်
ဆံသားအစစ် ထိပ်အုပ်ကိုမှ base size လည်း ကြီးရမယ်/ သဘာဝဆန်အောင် ဇာနဲ့လည်း ချုပ်ထားရမယ်/ ခွဲကြောင်းလည်း ပြောင်းလို့ရရမယ်ဆိုရင် ဒီ Topper အမျိုးစားလေးထဲက ရွေးပါရှင်...
အရှည်အနေနဲ့ 22" အထိမှာလို့ရပြီး.. အရောင်လေးတွေကိုလည်း ကိုယ့် စိတ်ကြိုက် customize အပ်လို့ရပါတယ်ရှင့်..
စျေးလေးကတော့ 6သိန်းခွဲ / 7သိန်းခွဲ ဝန်းကျင် ပါရှင်.. အရှည်အလိုက်စျေးလေးကွာပါမယ်နော်..
🔔Preorder ~ Full prepaid
Waiting ~ 2 to 3 weeks မို့ ငွေအပြည့်ကြိုချေပြီး ၂ပတ်ကနေ၃ပတ်ကြား စောင့်နိုင်သူလေးတွေပဲ ကျေးဇူးပြုပြီးမှာပေးဖို့မေတ္တာရပ်ခံပါရစေရှင်.. 🥰
ဆံသားအစစ် တန်းပြားလေးတွေမှာမှ 24" လေးက promotion ရှိနေတာမို့ Preorder မှာမယ်ဆိုရင် ဝယ်ရတာ အရမ်းတန်တယ်ရှင့်..
*Instock ထဲကယူမယ်ဆိုရင်တော့ ပုံမှန်စျေး ၁၀ သိန်း၅သောင်းဝန်းကျင်ပါ
*Preorder မှာမယ်ဆိုရင် Factory promotion လေးရှိလို့ ၉သိန်း၆သောင်းပဲ ကျမယ့်အပြင် colour ဆိုးခကလည်း one colour ဆို ဆိုးခ free ပါ.. highlight တို့လို colour အစပ်လေးတွေဆိုရင်တော့ ဆိုးခလေး ပေးရပါတယ်ရှင်..
သြော်.. Instock ထဲကယူရင်တော့ colour ဆိုးခ ထပ်ပေးရပါတယ်နော် 😁
Preorder လေးကတော့ ငွေအပြည့်ကြိုချေရပြီး ၂ပတ်ကနေ ၃ပတ်ကြားစောင့်ပေးရမှာမို့ စောင့်နိုင်သူလေးတွေပဲ ကျေးဇူးပြုပြီးမှာပေးဖို့ မေတ္တာရပ်ခံပါရစေရှင်....
16" ကနေ 32" အထိမှာလို့ရပြီး စျေးလေးတွေက 4pcs ကို 6 သိန်းခွဲ ဝန်းကျင် ကနေ 18 သိန်းဝန်းကျင် အထိ အရှည်အလိုက် စျေးအစားစားပါရှင်..
4pcs ထက်အပြားရေ တိုးယူလို့လည်းရပါတယ်..
အပြားရေ လျော့ယူရင်တော့ ၁ပြားချင်းစျေးပိုများ ပါမယ်ရှင်..
ဆံသားအစစ် ခွဲကြောင်းအုပ်လေး Instock ပါရှင် 😘
လောလောဆယ်တော့ ၂သိန်းခွဲ မကျော်သေးဘူးရှင့်..
စျေးလေးလည်း အရင်စျေးလေးနဲ့ရပြီး instock ရတုန်းမှာမယ်ဆို မြန်မြန်လေး မှာပေးပါနော် 😍
20/08/2026
Customer preorder လေးတွေ ရောက်လာတာ.. quality လေးအရမ်းသဘောကျလို့ မှာချင်သူလေးတွေမှာလို့ရအောင် ဇင်ပြပေးပါမယ်နော် 😘
ဇာနဲ့ချုပ်ထားတဲ့ ဆံသားအစစ်ကို ကော်ကပ်စရာမလို အလုပ်မရှုပ်ပဲ သဘာဝဆန်ဆန် glueless သုံးလို့ရတဲ့ lace wig အမျိုးအစားထဲက ရှာနေရင် ဒီလို Glueless Frontal full lace ထဲက မှာပါရှင် ..
ဇာ area က ပုံမှာ ပြထားတဲ့အတိုင်း 6×4in ပါပြီး ခွဲပြောင်းစိတ်ကြိုက်ပြောင်းလို့ရတဲ့အပြင် ထိုးသား..ချုပ်သားလေးတွေလည်းအရမ်းကိုမှ သပ်ရပ်ပြီး ဝတ်ရတာ ပေါ့ပါးပါတယ်..
အထူအနေနဲ့ Normal density နဲ့ super density ဆိုပြီး ၂မျိုးရှိပေမယ့် Normal density လေးကတော့ 180% density မို့ အရမ်းမထူ အရမ်းမပါးပဲ သဘာဝဆန်ဆန် ပေါ့ပေါ့ ပါးပါးလေးနဲ့ လူကြိုက်များပါတယ်..လုံးဝကို ထူနေမှကြိုက်တာဆိုရင်တော့ super density ကိုယူပါနော်..သူကတော့အဖျားလည်းမရှုးပဲ စျေးကလည်း ၂ဆ နီးပါးကွာပါတယ်..
*အဖျားရှူးတာမကြိုက်ဘူး.. density လည်းမထူချင်ဘူးဆိုရင်တော့ normal density ကို ကိုယ်လိုချင်တဲ့အရှည်ထက်ပိုရှည်တာယူပြီး အဖျားအရှူးကိုညှပ်ထုတ်လိုက်လို့လည်းရပါတယ်..
ကိုယ်အဆင်ပြေသလိုယူပါနော် 😘
ဇင်ပြထားတဲ့ပုံလေးတွေကတော့ normal density လေးတွေပါ..
ဆံသား grade က 10A ဖြစ်ပြီး ချွတ်ဆေးသုံးဆေးဆိုးတာ..ဖြောင့်ဆေး ကောက်ဆေးတွေပါ သုံးလို့ရပါတယ်..
အရှည်အနေနဲ့က 12" to 28" အထိ မှာလို့ရပါတယ်...
စျေးလေးတွေကတော့ normal density ဆို ပုံမှန်စျေး ၇သိန်းဝန်းကျင်ကနေ ၁၅သိန်းဝန်းကျင်ကြားကို လက်ရှိမှာ promotion ရှိနေတာမို့ 6သိန်းဝန်းကျင်ကနေ ၁၂သိန်း ဝန်းကျင်ကြားလေးနဲ့ မှာလို့ရပါမယ်.. super density ကတော့ စျေး ၂ဆ နီးပါး ကွာပါတယ်..
Colour လေးနဲ့မှာချင်ရင်လည်း လိုချင်တဲ့ colour လေးပြောပြီး တစ်ခါထဲ customize order ဆက်လို့ရပါတယ်ရှင်..
Preorder ~ Full prepaid
Waiting ~ 2 to 3 weeks မို့ ငွေအပြည့်ကြိုချေရမှာဖြစ်ပြီး ၂ပတ်ကနေ ၃ပတ်ကြားစောင့်နိုင်သူလေးတွေပဲ ကျေးဇူးပြုပြီးမှာပေးဖို့ မေတ္တာရပ်ခံပါရစေရှင် 😘
19/08/2026
ဆံသားအစစ်ဆံပင်တုကို ၅သိန်းခွဲမကျော်ပဲ ဒါလေးတွေ preorder မှာလို့ရပါမယ်ရှင်.. ပုံလေးတွေက customer order ရောက်တုန်းရိုက်ထားတာလေးတွေမို့ အပြင်ပုံလေးတွေပါရှင်..
ဆံသားအစစ် ကို ကော်သုံးစရာမလိုအောင် ဦးရေတုအမျိုးအစားနဲ့ချုပ်ထားတာပါရှင်.. grade 9 quality မို့ ဖြောင့်ဆေးကောက်ဆေးနဲ့ ချွတ်ဆေး သုံးဖို့အထိတော့ ဇင် recommend မပေးပါဘူး..
ဆေးတော့၂ကြိမ်လောက်ဆိုးလို့ရပါအုံးမယ်ရှင်..ဆေးဆိုးဖို့ရည်ရွယ်ချက်ရှိရင် အမဲ မယူပါနဲ့နော် 😘 ဆံသားအစစ်မို့ လျှော်တာနဲ့ စက်နဲ့ဖြောင့်ကောက်တာလေးတွေတော့စိတ်ကြိုက်သုံးလို့ရပြီး grade လေးနိမ့်ပေမယ့် ဇာထိုးသားမဟုတ်ပဲ စက်ချုပ်သားမို့ အကြမ်းတော့ခံပါတယ်ရှင်.. preorder ~ prepaid မို့ ငွေအပြည့်ကြိုချေရမှာဖြစ်ပြီး၂ပတ်ကနေ ၃ပတ်ကြားစောင့်ပေးရမှာမို့ ငွေကြိုချေပြီး စောင့်နိုင်သူလေးတွေပဲ ကျေးဇူးပြုပြီးမှာပေးဖို့ မေတ္တာရပ်ခံပါရစေရှင် 😘
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon