Pwint Phyu Win - Pharmacist

Pwint Phyu Win - Pharmacist

Share

Official Page of Pwint Phyu Win - Pharmacist

17/09/2026

အဖြူဆင်းတာနဲ့ တန်းပြီး ပိုးသတ်ဆေး သုံးနေတဲ့သူတွေ ရှိလား......

16/09/2026

Hello Hello
သံဓာတ်အားဆေးတွေ မတူတာ သိကြလား....

14/09/2026

Aiက ထည့်လိုက်တဲ့ ကိုယ့်ပုံ မှတ်တောင်မမှတ်မိတော့🫣🫣ကဲ စာဖတ်ဖို့ရေးပေးထားတယ်နော်

Collagen သောက်လိုက်တာနဲ့ မျက်နှာပေါ် တန်းရောက်သွားတယ်လို့ ထင်နေလား? 🤔

No ပါ
အဆင့်၃ဆင့်နဲ့ ရောက်ရှိရတာပါ

Step 1 – ချေဖျက်ခြင်းအဆင့်
Collagen ကို အစာအိမ်နဲ့ အူလမ်းကြောင်းမှာ Amino Acids & Peptides အဖြစ် ချေဖျက်ပါတယ်

Step 2 – စုပ်ယူခြင်းအဆင့်
အူလမ်းကြောင်းကနေ စုပ်ယူပြီး သွေးကြောထဲ ပို့ပေးပါတယ်

Step 3 – ခန္ဓာကိုယ်က အသုံးပြုခြင်းအဆင့်
Body က လိုအပ်တဲ့နေရာအလိုက် အသုံးပြုပြီး Skin, Joint, Tendon, Bone, Cartilage တို့ရဲ့ Collagen တည်ဆောက်မှုမှာ ပါဝင်စေပါတယ်

ဒါ့ကြောင့် Collagen ကို သောက်တာနဲ့ မျက်နှာပေါ် တိုက်ရိုက်ရောက်တာ မဟုတ်ပါဘူးနော်

နောက်ပြီး Vitamin C ကလည်း Collagen synthesis အတွက် အရေးကြီးပါတယ်
Vitamin C ကိုသောက်ပေးတာက collagen တွေ ရရှိအောင် အထောက်အပံ့ရစေပါတယ်ရှင်
စာသိပ်မဖတ်ချင်တဲ့ သူတွေအတွက် လိုတိုရှင်း ရေးပေးလိုက်ပါတယ်
PwintPhyuWin_Pharmacist

13/09/2026

ပြောပြတာပါ

13/09/2026

Niacinamide နဲ့ တွဲသုံးရင် ပိုကောင်းစေတဲ့ ဟာတွေက ဘာတွေလဲ
ပုံထဲမှာ ရေးပေးထားတယ်နော်

အသားအရေ လှဖို့ဆိုတာ ကိုယ့်အသားအရေနဲ့ ကိုက်ညီတာကို ရွေးသုံးတတ်ဖို့ လိုပါတယ်

Photos from Pwint Phyu Win - Pharmacist's post 09/09/2026

Designer's တဲ့
ဆိုင်နာမည်က 💛💛💛
ဒီနေ့ ဖွင့်ပွဲရောက်ခဲ့တာ
ကိုယ့်ရဲ့ ရင်းနှီးခင်မင်ရတဲ့ HR ဆရာကနေ တဆင့် တကူးတက ဖိတ်တော့ မရောက်ရောက်အောင် သွားခဲ့တာ

Ready to wear ပွဲတက်ဂါဝန်လှလှလေးတွေ အဆင်သင့်ဆိုတော့ 👍👍👍

Time City 3လွှာ ရောက်ရင် ဝင်ကြည့်ကြဖို့ လက်တို့လိုက်ပါတယ်နော်🥰

09/09/2026

ဟိတ်....
သိပြီးကြပြီလား
https://www.facebook.com/share/1GzFzAbTbs/?mibextid=wwXIfr

06/09/2026

“အဆစ်နာတာ၊ ခါးနာတာ၊ ကိုယ်လက်ကိုက်တာ၊ အားနည်းတာတွေ ဖြစ်ရင် ပုံထဲကလို ဆေးတွေကို သောက်လိုက်တာနဲ့ ခဏအတွင်း သက်သာသွားတယ်ဆိုပြီး
သောက်နေကြတာ ရှိလား

ဒါဆိုရင်တော့ သတိထားပါ…

ခဏအတွင်း အရမ်းသက်သာသွားတာက Steroid ဆေးတစ်မျိုးဖြစ်တဲ့ Dexamethasone ပါနေတာဖြစ်နိုင်တဲ့အတွက် သင့်အတွက် အန္တရာယ်ရှိနိုင်ပါတယ်

“Dexamethasone ဆိုတာ ဘာလဲ?”

Dexamethasone က Corticosteroid ဆေးတစ်မျိုးပါ

ရောင်ရမ်းခြင်းနဲ့ Allergy ပြင်းထန်တာတွေ၊ အချို့သော ရောဂါအခြေအနေတွေမှာ ဆရာဝန်ညွှန်ကြားချက်နဲ့ အသုံးပြုတဲ့ ဆေးဖြစ်ပါတယ်

ဒါပေမယ့် နာကျင်တာ၊ ကိုက်ခဲတာ၊ အားနည်းတာတိုင်းအတွက် ကိုယ့်သဘောနဲ့ သောက်ရတဲ့ဆေး မဟုတ်ပါဘူးနော်

အဲ့Dexa ဆေးက ဘာကြောင့် ကြောက်စရာကောင်းတာလဲ?

Dexamethasone လို Steroid ကို မလိုအပ်ဘဲ သောက်တာ၊ dose မမှန်ဘဲ ကြာကြာသောက်တာတွေက

၁)သွေးတွင်းသကြားဓာတ် တက်စေနိုင်ပါတယ်
ဆီးချိုရှိပြီးသားသူတွေအတွက် ပိုပြီး ထိန်းရခက်နိုင်ပါတယ်

၂)သွေးပေါင်တက်နိုင်ပါတယ်

၃)ကိုယ်ခံအားကို လျော့စေနိုင်ပါတယ်
ဒါကြောင့် Infection ဝင်ရင် သူမျာူထက် ပိုပြင်းထန်နိုင်ပါတယ်

၄)အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ပါတယ်

၅)ကြာကြာသုံးရင် အရိုးပါးခြင်း၊ ကြွက်သားအားနည်းခြင်း တွေ ဖြစ်
နိုင်ပါတယ်

၆)မျက်စိမှာ Cataract၊ Glaucoma လို ပြဿနာတွေ ဖြစ်နိုင်ပါတယ်

၇)စိတ်အခြေအနေကိုလည်း ထိခိုက်နိုင်ပါတယ်
အိပ်မပျော်တာ၊ စိတ်လှုပ်ရှားလွန်းတာကနေ ပြင်းထန်တဲ့ Mood changes တွေအထိ ဖြစ်နိုင်ပါတယ်

ပြီးတော့ အရေးကြီးဆုံးတစ်ချက်က

ကြာကြာသောက်ထားပြီးသား Steroid ကို ကိုယ့်သဘောနဲ့ ရုတ်တရက် ဖြတ်လိုက်တာလည်း အန္တရာယ်ရှိနိုင်ပါတယ်

ဒါဆို ဒီလိုဆေးတွေကို လုံးဝမသောက်ရဘူးလား?

“မဟုတ်ပါဘူး"

Dexamethasone က အသုံးမဝင်တဲ့ဆေး မဟုတ်ပါဘူး
တကယ်လိုအပ်တဲ့ ရောဂါအခြေအနေတွေမှာ ဆရာဝန်
ညွှန်ကြားချက်နဲ့ သုံးရင် အလွန်
အသုံးဝင်တဲ့ဆေးပါ

ပြဿနာက ဘယ်လောက် dose လဲ၊ ဘာကြောင့်သောက်ရတာလဲ မသိဘဲ ဒီလို ဆေးတွေကို ကိုယ့် သဘောနဲ့ သောက်တာပါ

အထူးသဖြင့် အမည်မပါ၊ ပါဝင်ပစ္စည်းမသိ၊ dose မသိတဲ့ ဆေးထုပ်တွေကို လုံးဝမသောက်သင့်သလို ဆေးဆိုင်မှာ ကိုယ့်သဘောနဲ့ကိုယ် ပြောပြီးလည်း ဝယ်မသောက်ပါနဲ့

‘သောက်လိုက်တာနဲ့ ချက်ချင်းသက်သာတယ်’ ဆိုတာနဲ့ ဆေးက ကောင်းလိုက်တာ ဘေးကင်းမယ်လို့ မယူဆပါနဲ့

အထူးသဖြင့် ဒီလို Steroid ပါနိုင်တဲ့ ဆေးတွေကို မသောက်ပါနဲ့

ဆေးတစ်မျိုးကို သောက်မယ်ဆိုရင်
ဆေးနာမည်၊ ပါဝင်ပစ္စည်း၊ Dose နဲ့ ဘာအတွက်သောက်ရတာလဲ သိအောင်လုပ်ပြီး Pharmacist သို့မဟုတ် ဆရာဝန်ကို မေးပြီးမှ သောက်ပါ

ခဏတာသက်သာဖို့အတွက် ကိုယ့်ရဲ့ရေရှည်ကျန်းမာရေးကို မစွန့်စားကြပါနဲ့ လို့ ကျွန်မ မပွင့်ဖြူဝင်း ဆေးဝါးပညာရှင် မှ အကြံပေး ပြောကြားချင်ပါတယ်ရှင်

PwintPhyuWin-Pharmacist

05/09/2026

ကဲ! သိချင်နေကြလွန်းလို့ ပြောပြလိုက်ပြီနော်
ဈေးနှုန်းက ၃သောင်းပတ်ချာလည် နဲ့ Korea
စကင်းကဲ ကောင်းကောင်းလေး သုံးချင်သူများအတွက် ...

05/09/2026

ချွေးပေါက်တွေ အရမ်းကျယ် နေလို့ ဘာလုပ်ရမလဲ..
အမြန်ဆုံးပျောက်တဲ့နည်း သိချင်လား ပြောပြမယ်...
FILTERလေးနဲ့ ရိုက်လိုက်ပါနော်🫣🫣🫣🫣🫣🫣🫣
စတာပါ
ကိုယ့်ရဲ့ စကင်းကဲနေတဲ့ ပုံစံလေး ပြောပြပေး လွဲနေရင် တည့်ပေးပါ့မယ်🥰🥰🥰
PwintPhyuWin_Pharmacist

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address

Yangon
02301