Ko Aung ထရမ်စဖေါင်း
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Aung ထရမ်စဖေါင်း, Hinthada.
28/02/2024
၂ကောင်ဖမ်းလိုက်တော့မယ်နော်
28/02/2024
14/02/2024
ချစ်သူများနေ့ဆိုလားပဲ နေ့တစ်ဝက်ကျိုးလာပြီ ခုထိ ဖုန်းလည်းလက်ေဆာင်မလာ ပန်းစည်းလည်းမလာ ချောကလက်လည်းမလား။
အေးနော် ညဉ်းတို့သိထားနော် ခုကခေတ်ပြောင်းသွားပြီေနာ်
35ကျော်မှ ဘဝကလှပတော့မှာနော် သတိထားကြ။
ကိုကြီးကတော့အေးဆေးပဲ စောင့်နေတော့မယ်။
နှစ်မကြင်ပဲရှိတယ် မောင်ကြင်မရှိဘူးတဲ့။
ဝမ်းကွဲတွေရော အရင်းတွေရော ဘာမှအားမကိုးရဘူး။
ပြောပြလိုက်စမ်း ငါအစ်ကိုကြီးက 35ကျော်ပြီလို့။
ဖုန်း တစ်လုံးပါရမယ် အသစ်ပါကင် Samsung Galaxy A15
Dream 125 ပါရမယ်
25/01/2024
ပဲဈေးကောင်းတော့ ပိုးကတစ်မျိုး မိုးကတစ်မျိုး လူလိုမသိတဲ့ ဟိုအမိုးလကတစ်မျိုး။
တာပေါ်တက်ဆေးရိုးလှမ်းချင်နေတဲ့ အချောင်သမားကတစ်မျိုး။
ပိုက်ဆံတန်ဖိုး နားမလည် ပေါ့ပေါ့နေပေါ့ပေါ့စားနေတဲ့ လူကမွေးပြီး ခွေးစိတ်ပေါက်တဲ့ ကောင်တွေကတစ်မျိုး။
လာမည့်နှစ် ပဲတီစိမ်းမထည့်တော့ပါ။ နှလုံးရောဂါဖြစ်မှာကြောက်လို့
05/12/2023
လူတစ်ချို့ဟာ
သူတို့ မှားပြီဆိုရင်
တောင်းပန်ရမယ့် အစား
မခေါ်မပြောဘဲ နေတတ်ကြတယ်"
26/09/2023
ဘဝမှာ အရှက်ရဆုံးနေ့ကိုပြောပါဆိုရင် ဒီနေ့လို့ပြောရမယ်
အဘိုးကြီးက ကျွေးသလောက်ငတ်တယ် တဲ့
မနက်စောစောဆိုရင် ကျုပ်ကဆာပြီ။ ဟိုတုန်းကတော့ ဘဏ်ကိုသွားနိုင်တော့ ပင်စင်လေးကို ကိုယ်တိုင်ထုတ်၊ ပိုက်ဆံလေးကိုင်ပြီး စားချင်တာ ဝယ်စားနိုင်သေးတယ်။ ခုတော့ လမ်းမလျှောက်နိုင်တော့တာ ၂ နှစ်ကျော် သွားပြီ။ ချော်လဲပြီးကတည်းက မထနိုင်တော့တာ ခုထိပါပဲ။
မိုးလင်းရင် ဗိုက်ဆာတယ်။ ဆန်ပြုတ်လေးဖြစ်ဖြစ် သောက်ချင်တယ်။ ပျော့တာလေးတွေပဲ စားချင်တယ်။ ဒါပေမဲ့ သူတို့ကျွေးတာ စားရမယ်။ ချေးများနေလို့မရဘူးလေ။ ကိုယ်ကရှာနိုင် ဖွေနိုင်တော့တာမှ မဟုတ္တာ။
အဖေ ရော့ဒီမှာ စား
ဘာလဲလို့ကြည့်လိုက်တယ်။ မုန့်ဟင်းခါးပဲ။ ပဲကြော်နဲ့ ဘယ်လိုလုပ်ပြီး ဝါးနိုင်မှာလဲ။ မုန့်ဟင်းခါးက အခန့်မသင့်ရင် ဝမ်းသွားမယ်။ အိမ်သာကို ဖင်ဒယဉ့်တိုက်နဲ့ သွားရတဲ့ဒုက္ခက သေးတာမဟုတ်ဘူး။ ဆီးအိုးကို တောင် ဆောင့်အောင့်နေကြတာ။
အဖေ ဘာလို့ မစားတာလဲ
အေဖ ဗိုကၼဆာလို့ပါကြာ
အဲဒါဆိုလည်း စောစောကပြောပေါ့။ ခုတော့ အေးစက်နေပြီ
သားဖြစ်သူက ဆောင့်အောင့်ပြီး ပန်းကန်ကို ပြန်သိမ်းသွားတယ်။ ချွေးမက
ကျမ မပြောဘူးလား ရှင့်အဖေက
ကျုပ်မကြားချင်ယောင်ဆောင်လိုက်ပါတယ်။ အသက်ကြီးလာမှ နားပင်းချင်ယောင် ဆောင်နေရတာလည်း အခါခါပေါ့။
သားက အလုပ်သွားတော့ ချွေးမကို
သမီးရေ အဖေ ထမင်းဆာတယ်
ဒါထမင်းချိန်လား အလိုက်ကမ်းဆိုးကို မသိဘူး ဒီမှာ ဈေးတောင်သွားရသေးတာမဟုတ်ဘူး
ဘာဖြစ်ဖြစ်ပါလေ သူတို့ကျွေးမှ စားနေရတဲ့ဘဝဆိုတော့ မျိုသိပ်လိုက်ရတာပဲ။ မြေးလေးက အိမ်ပေါ်ကို ပြေးတက်လာတယ်။
ဘိုးဘိုးကြီး သကြားလုံးစားမလား
အေး စားမယ်
ရော့
မြေးလေးက ကျုပ်ကို တုတ်ထိုးသကြားလုံးလေးပေးတယ်။ ကျုပ်ကလည်း ဆာဆာနဲ့ မြေးလေးဆီက သကြားလုံးလေးကိုယူပြီး စုပ်လိုက်တယ်။
ချိုလား ဘိုးဘိုး
အေး ချိုတယ်
ကောင်းလား
အေး ကောင်းတယ်
ကောင်းရင် ဝယ်ကျွေးဦးမယ်
ကျုပ်ကသကြားလုံးလေးကို စုပ်လိုက်ပြီး
ရော့ မြေးလေး စား
အဲဒီအချိန်မှာ ချွေးမက
ဟဲ့ နင်မို့လို့ မရွံ မရှာ
ကလေးလက်ထဲက သကြားလုံးကို ပုတ်ထုတ်လိုက်တယ်
အဖေ အဖေ့ပါးစပ်နဲ့ စုပ်ပြီးသားကို ဘာဖြစ်လို့ ကေလးကို ပေးရတာလဲ အဖေက အတော်လေး ငတ္တာပဲ။ ကလေးဆီကတောင်မရှောင်။ ကျွေးသလောက်ငတ်တယ်
ကျုပ်ဘဝတစ်လျှောက်လုံး သားတွေ သမီးတွေကို ကုန်းရုန်းပြီး ရှာဖွေကျွေးခဲ့ပါတယ်။ စိတ်ထဲမှာ စားသလောက် ကျွေးမယ်လို့ပဲ သဘောထားပြီး ရှာဖွေကျွေးခဲ့တာပါ။
ချွေးမနဲ့ မြေးလေးက ဈေးသွားတယ်။ အင်း ဈေးသွားပြီဆိုရင်တော့ ပြန်လာရင် ထမင်းလေးဘာလေး စားရေတာ့ မှာပေါ့။ အိမ်ရှေ့က
အကြော်စုံ
ပဲပြုတ်
အီကြာကွေး
ဈေးသည်တွေ ဖြတ်သွားတယ်။
အီကြာကွေးလေးနဲ့ ဆန်ပြုတ်လေး သတိရလိုက္တာ။ လမ်းထိပ်က ဆန်ပြုတ်ရောင်းတဲ့ တရုတ်ကြီး မောင်ပု ရှိသေးရဲ့လား
ကျုပ်က တစ်ယောက်တည်း စကားပြောရတာ သဘောကျတယ်။ ဒါကိုလည်း
အဘိုးကြီး ရူးနေလားမသိဘူး တဲ့
တစ်ရေးလောက် အိပ်လိုက်ရင် ကောင်းမယ်ထင်ပါတယ်။ မှေးခနဲဖြစ်သွားချိန်မှာ တံခါးကို ဝုန်းခနဲ ဖွင့်သံ ကြားလိုက်ရလို့ လန့်နိုးသွားတယ်။ သားဖြစ်သူပြန်လာတယ်။ ဗီရိုတွေ မွှေနှောက်တယ်။ ချွေးမ ဈေးက ပြန်လာ တယ်။
ရှင်ပေးထားတဲ့ ပိုက်ဆံက နှစ်ပြားတစ်ပဲ။ ကျမမှာ ဈေးဝယ်ရ၊ ရှင့်အဖေအတွက် ဆေးဝယ်ရ ဘယ်မှာ လောက်မှာလဲ။ မရှိလို့ မရှိဘူးပြောတာပေါ့။ အိမ်မှာက လူပိုတွေ တင်ကျွေးထားရတာ ရှင်နားလည်မှပေါ့
``အို လူပိုတွေတဲ့လား။ သူတို့လင်မယား တစ်ယောက်တစ်ခွန်းစကားတွေများနေတာ စိတ်မချမ်းသာစရာပဲ။
ရှင့်ကို ပြောသားပဲ ဒီတိုက်ခန်းရောင်းလိုက်လို့ ပြီးတော့ တစ်နေရာမှာ သက်သာတဲ့ အိမ်လေးဝယ်နေရင် ရတာပဲ
ကျုပ် စိတ်ထဲမှာ ထောင်းခနဲဖြစ်သွားတယ်။
ဟေ့ ငါမသေသေးပါဘူးကွ ငါမသေသးပါဘူး
ပြောချင်ပေမယ့် လည်ချောင်းထဲက အသံတွေက ထွက်မလာဘူး။ ချွေးမက
အိမ်မှာက လူပိုတွေကတစ်မျိုး ကြွက်တွေကတစ်မျိုး ကြည့်လေ ညက ကြောင်အိမ်ထဲမှာ သောင်းကျန်း ထားတာ။ ဆေးချပြီး အကုန်ရှင်းပစ်မှ အေးမယ်
သားဖြစ်သူက ပြန်ထွက်သွားတယ်။ ချွေးမက မြေးလေးကို မှာနေတယ်
ဖိုးဖိုး ဟောဒီ ပုလင်းကို မကိုင်နဲ့နော် ဒါကြွက်ဆေးတွေ။ ကြွက်တွေက သတ်မှ ရတော့မယ်။ မေမေ ဈေးထဲမှာ ဆီပုလင်းကျန်ခဲ့လို့ သွားယူရဦးမယ်
သားလည်း လမ်းထိပ်မှာ အခွေလိုက်ငှားမယ်
နင်တို့ သားအဖကတော့ တစ်ယောက်ကဘောလုံး၊ တစ်ယောက်ကအခွေ ဒါတွေနဲ့ အချိန် ကုန်နေတော့ တာပဲ
ဗိုက်ဆာလိုက္တာ။ တစ်ခုခုလေးစားရရင် ကောင်းမှာပဲ။ ဘာပဲဖြစ်ဖြစ် ထမင်းကြမ်းလေး ဝါးလိုက်ရရင် ကောင်းမှာပဲ။
ကျုပ်က မီးဖိုးခန်းထဲကို ဖင်ဒယဉ့်တိုက်ပြီး သွားလိုက်တယ်။ ထမင်းစားပွဲကို လက်နဲ့ခိုပြီး ထကြည့်ဖို့ ကြိုးစား တယ်။ စားပွဲကမှောက်သွားပြီး ကျုပ်ပေါ်ကို ပန်းကန်တွေ ကျလာတယ်။ ဒုက္ခပဲ ချွေးမပြန်လာရင် ဆူတော့ ဆဲတော့မယ်။
ပုလင်းလေး တစ္လုံးပါလား။ ဘာပါလိမ့်
လောကကြီးဟာ ဘာမှလည်း မဟုတ်ပါလား။ ဒီလိုဘဝမျိုးမှာ ငါကသူများပြောတိုင်းခံ ပေးမှ ကျွေးမှ စားနေရတာ သဘာဝကျသလား။
ငါဟာ ငတ်နေသလား
ငါကလူပိုကြီးလား
ငါကရူးနေသလား
မင်းတို့ ပေးမှ ကျွေးမှ စားရမှာလား
ကျုပ်လက်ထဲက ပုလင်းလေးက အခြားသော သတ္တဝါတွေအတွက် သေဆေးဖြစ်ကောင်း ဖြစ်မယ်။
ဒါပေမဲ့ ကျုပ်အတွက်တော့
အားဆေးဖြစ်နေတယ်။
ဘာပြောပြော
ကျုပ် ပုလင်းကို ဖွင့်လိုက်တယ်။
Credit
ထိန်လင်း
အိမ်ထောင်ကျပြီးသူတိုင်း ယောက္ခမကို မိဘအရင်းသဖွယ် သဘောထားနိုင်ကြပါစေ🙏🙏🙏
သားသ္မီးတိုင်းလဲ မိဘကျေးဇူးကို နားလည်သိတတ်နိုင်ကြပါစေ🙏🙏🙏
Tin Nyunt
မူရင်းပို့စ်အား ခရက်ဒစ်ပေးပါသည်။
26/09/2023
💠မြေဆီလွှာပျက်ဆီးမှူများကို ကာကွယ်ပါ
💠မြေဆီခမ်းခြောက်လာမှုများအတွက်
💠မြေအားကောင်အောင် ပြန်လည်ပြုပြင်လိုက်ပါ
Transform Soil မြေဆီအမှူန့်တွင်ပါဝင်ပစ္စည်း၏အကျိုးကျေးဇူးများ
🔰ရေညှိ
မြေတွင် Silicon ဓာတ်ကိုဖြည့်ပေးပါသည်။
အပင်၏ဆဲလ်များကို တင်းရင်းစေပြီး အကိုင်းထွက်ခြင်း၊အရွက်ထွက်ခြင်း၊ အသီးသီးခြင်း ထွားခြင်း၊ အလေးချိန်တိုးစေခြင်းများအတွက် အထောက်ကူဖြစ်စေပါတယ်။
🔰အပင်မှရသော အမိုင်နိုအက်စစ်
အလင်းဖြင့်အစာချက်ခြင်းနှင့် အစာအာဟာရစုပ်ယူုခြင်း။အပင်အတွက်အကျိုးရှိသည့် နိုက်ထရိုဂျင်ဓာတ်ကို
ပေးစွမ်းနိုင်ခြင်၊ Calcium စုပ်ယူမှုကိုပိုမိုအားကောင်စေပြီးအပင်မှဖြစ်တတ်သော ရောဂါများနှင့် ပိုးကျသည့်ဒဏ်မှလည်းလျော့ကျစေပြီး ကာကွယ်ပေးစွမ်းနိုင်ပါတယ်။
🔰သဘာဝ Dolomite ဒိုလိုမိုက်ဓာတ်
အသွင်ပြင်ရောဓာတုတည်ဆောက်ပုံကိုပြုပြင်ပေးစွမ်းနိုင်ပါတယ်။မြေချဉ် ငံ ဓာတ်ကိုလျှော့ချပေးပြီး ဓာတုမြေသြဇာများစွာအသုံးပြုလာခြင်းကြောင့် ပျက်ဆီးနေသောမြေကိုပြုပြင်ပေးနိုင်ပြီး Calcium Magnesium နှင့် Siliconဓာတ်တို့ကိုလည်း ဖြည့်ပေးနိုင်စွမ်းရှိပါတယ်။
🔰Zeolite ဇီအိုလိုက်ဓာတ်
မြေ၏ PH လယ်ပယ်ကို ထိန်းညှိပေးနိုင်တာကြောင့် မြေကိုပွစေပြီး အပင်များသည် အစာကိုစုပ်ယူရလွယ်ကူစေပါတယ်။မြေထဲရှိ အာဟာရဓာတ်များကို ရေနှင့်ရောပါမသွားအောင်ထိန်းပေးနိုင်ပြီး မြေထဲကအဆိပ်အတောက်များကိုလဲစုပ်ယူခြေဖျက်ပေးနိုင်ပါတယ်။
🔰Vatamin B1 ဗီတာမင်B1
အမြစ်ထွက်နှုန်းကို ပိုမိုအားကောင်းစေပြီး အပင်ကြီးထွားမှုအတွက်လည်း အထောက်ကူပြုပေးသည့်အပြင်
မြန်ဆန်စွာ ရှင်သန်စေပါတယ်။
🔰Phosphate ဖော့စဖိတ်
မြေချဉ်ဓာတ်ကိုလျှော့ချပေးပြီး မြေကိုပွစေပါတယ်။
မြေအတွင်းရှိအာဟာရဓာတ်ကိုလဲ စုပ်ယူပေးပါတယ်။
🔰Bio Chaooal ဘိုင်အိုချာ
Bio Chaooal မီးသွေးသည် မြေအတွင်းရှိ ကာဗွန်ဓာတ်ကိုထိန်းသိမ်းပေးပြီး မြေကိုပြုပြင်ပေးပါတယ်။ မြေအတွင်းရှိ ရေ နှင့် လေ ကိုလည်းကောင်းစွား ထိန်းထားပေးနိုင်ပါတယ်။အပင်အတွက် အစာအာဟာရတည်ဆောက်ရန်နှင့် အထွက်တိုးစေရန် အဏုဇီဝပိုးများအတွက် နေထိုင်ရာအဖြစ်လည်းလုပ်ဆောင်ပေးနိုင်ပါတယ်။
🔰Premium Humic Acid ပရီမီယမ် ဟူးမစ် အက်စစ်
မြေကိုအညိုရင့်ရောင် သို့မဟုတ် အနက်ရောင်သို့
ပြောင်းလဲပေးနိုင်စွမ်းရှိပြီး နေရောင်မှစွမ်းအင်ကိုကောင်းစွာစုပ်ယူနိုင်ပါတယ်။ လျှပ်စစ်အဖို အမဓာတ်ကို ကောင်းစွာထိန်းပေးနိုင်သောကြောင့် အပင်အတွက် အကျိုးရှိသောဓာတ်များအတွက် ကောင်းစွာ အကကျိုးရှိစေနိုပါတယ်။မြေအတွင်းအချဉ် အငံဓာတ်တို့ကို ကောင်းစွာထိန်းနိုင်သောကြောင့် အပင်ကြီးထွားမှုအတွက် အလွန်အကျိုးရှိစေပါတယ်။
မူရင်းပို့စ်အား credit ပေးပါသည်။
လက်လီလက်ကား မှာယူနိုင်ပါသည်။
လေးစားစွာဖြင့်
16/09/2023
ပညာပြည့်ဝ နှလုံးလှသော်
ကိစ္စကြီးငယ် ဆောက်သဖွယ်နှင့်
ကျဉ်းကျယ်ထွင်းဖေါက် ဖြတ်တောက်လိုရာ
ပြီးနိုင်ရာ၏။
မဃဒေဝ လင်္ကာ (မန်လည်ဆရာတော်ကြီး)
အသိပညာ/အတန်းပညာ/ အသက်မွေးဝမ်းကြောင်းပညာ
အသိတရား မရှိသော်လည်း မကောင်း။
အတန်းပညာ မရှိသော်လည်း မကောင်း။
အသက်မွေးဝမ်းကြောင်း မရှိသော်လည်း မကောင်း။
ထိုသုံးမျိုးတွင် အနည်းဆုံး ၂ မျိုးတော့ ပြည့်စုံမှသာ လူဘဝကို အထိုက်အလျောက်ရပ်တည်နိုင်မှာပါ။
မိမိငယ်ငယ်က ကျောင်းတက်မပျင်းခဲ့ပေ။ သူငယ်တန်းမှ ဆယ်တန်းအထိ ကျောင်းတက်ခဲ့တဲ့နှစ်မှာ မှတ်မိသရွေ့ ကျောင်းတစ်ရက်ပြေးဖူးတယ်။ ပြေးလို့ ဆရာကြီး ဦးစိုးသူ (မူလတန်း) ရိုက်တာခံခဲ့ရဖူးတယ်။ အဲကတည်းကကျောင်းမပြေးချင်တော့။ ကျောင်းလည်းမပျက်ချင်တော့။
ဒီလိုနဲ့ဓမ္ဘီကျောင်းတက်ကတော့ နေရာအသစ် သူငယ်ချင်းအသစ်ဆရာအသစ်တွေနဲ့တွေ့ရပြီ။
အလတ်တန်းက ဆရာကြီးဆရာမကြီးတွေ နာမည်ကြားရတာနဲ့ဒူးတုန်အောင်ကြောက်ရတဲ့အချိန်ပေါ့။
ဆရာကြီး ဦးခင်မောင်ဦး ဦးတင်ဌေးဝင်း ဦးတင်ဝင်း ဦးအေးသောင်း ဆရာမကြီး ဒေါ်တင်ဝင်း ဒေါ်တင်အေး ဒေါ်ဝင်းဝင်းမြင့် ဒေါ်သန်းသန်းအေး ဒေါ်အေးအေးဦး ဒေါ်ဆွေဆွေမြင့်ဒေါ်နွယ်နွယ်အေး ဒေါ်သင်းသင်းဦး
ဦးမြတ်မိုးအောင် ဒေါ်အေးစန်း စသဖြင့် ဆရာကြီးဆရာမကြီးများထံမှာစာသင်ရသည်။
အကြောက်ရဆုံးက ဦးတင်ဌေးဝင်း ဒေါ်အေးအေးဦး ဒေါ်တင်အေးပေါ့။
အထကကျောင်းမှာ ဦးသုံးဦး။
ဦးတင်ဦး ဦးခင်မောင်းဦး ဒေါ်အေးအေးဦး အသံကြားတာနဲ့လန့်နေတာပေါ့။
အထက်တန်းကြ ဆရာမကြီးဒေါ်တင်မြင့် ဆရာကြီးဦးမြင့်သိန်း ဆရာကြီးဦးကျော်ဟိန်း ဦးဌေးညွှန့် ဦးခင်မောင်ဦး ဦးစိန်ဌေး ဆရာမကြီးဒေါ်စန်းကြွေ ဒေါ်လှလှမူ ဒေါ်အေးအေးကြူ ဒေါ်ရီလေး စသဖြင့်ဆရာကြီးဆရာမကြီးများပေါ့။
ထိုကဲ့သို့ ကြောက်ရတဲ့ ဆရာကြီးဆရာမကြီးများ ရှိတဲ့အချိန်တုန်းက မိမိတို့ကျောင်းသွားတက်ရတဲ့ လမ်းက အတော်ဆိုးတဲ့လမ်းဖြစ်နေတာတောင် ကျောင်းပြေးတဲ့လူအတော်ရှားပါတယ်။
မိုးတွင်းဆို ရထားလမ်း ခြေလျင်သွား။ နွေကြမှ စက်ဘီးစီးရတယ်။ တောရှည်ဆို မိုးတွင်းဘက် လုံးဝသွားမရ။
ထိန်လေးတော့ နွယ်ခွေ သဲဖြူ ရွာသစ် ပေကုန်း ကွမ်းခြံကုန်း မြိုးကွင်း စသော ဒေသအသီးသီးက ဝေးတဲ့ကျောင်းသားကျောင်းသူများလည်း မိုးတွင်းကာလခြေလျင်သာ သွားကြရ ဗွက်ဒူးလောက်ထဲ ပုဆိုးတိုတို လုံချည်တိုတိုနဲ့ ကျောင်းတော်ကြီးမှာပညာရှာခဲ့ကြရပေါ့။
အဲဒုက္ခတွေခံခဲရတဲ့ကိုယ်တွေ ခုလုပ်နိုင်တဲ့အချိန်ရောက်တော့ လမ်းတွေကောင်းအောင်လုပ်ကြ ဆက်သွယ်ရေးတွေကောင်းကြ စက်ဘီးတွေပေါ ဆိုင်ကယ်တွေပေါနဲ့ ကလေးတွေပညာရေး အားပေးလာကြ။
ရွံ့လမ်းဗွက်လမ်း ကတ္တရာလမ်း ကျောက်ကျောလမ်းတွေ ကွန်ကရစ်လမ်းတွေကိုဖြစ်နေကြပြီ။
ဒါပေမဲ့ ဒီနေ့ခေတ်တော့ အိုးဖိုစုနဲ့ရွာသာတောင် ခြေလျင်မတက်ချင်ကြ။ တောရှည်ကျောင်းဆိုဝေး။ ဓမ္ဘီဆို ပိုလိုဆိုး။
ကျောင်းဘာလို့မတက်လည်းလို့ မေးတဲ့အခါ စက်ဘီးပျက်လို့တဲ့။ စက်ဘီးမရှိလို့တဲ့။
အိမ်ကစက်ဘီးဝယ်မပေးလို့ ကျောင်းထွက်တယ်တဲ့။ အော် ဖြစ်မှဖြစ်ရလေ။
ပြောချင်တာက ကျွန်နော်လည်း လူတော်လူကောင်းမဟုတ်ပါ။
အရင်ခေတ်က ဆရာဆရာမကို ပုံအပ်တဲ့ခေတ် တစ်နည်းအားဖြင့် ဆရာဆရာမကို ဗဟိုပြုတဲ့စနစ်။
အဲတော့ အဖေတို့ မိမိကို ကျောင်းအပ်တာ ဆရာကြီး ဆရာမကြီး သူငယ်ချင်းရေ မသေ မကျိုးပြီးရော ပြောမရရင်စာမရရင် ကြိုက်သလိုလုပ်ဆိုတဲ့ခေတ်။ ဤစနစ်သည် အားနည်းချက်လည်းရှိသလို အာသာချက်လည်းရှိသည်။
ယနေ့ခေတ်က မိဘဗဟိုပြု လုထုဗဟိုပြုတဲ့ခေတ်
ဒါကို မိဘတိုင်းနားမလည်ကြ။
နားလည်တဲ့မိဘရှိသလို။
သိပြီး အကဲပိုတဲ့မိဘလည်းရှိ။
ကိုယ်သားသမီးစကားအကုန်ယုံ ဆရာဆရာမ မာန်လိုက်ရိုက်လိုက်တာနဲ့ တိုင်တာတောတာတွေက အမျိုးမျိုး။ လူအခွင့်အရေးဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။
တစ်ချို့ ဆရာဆရာမများ လိုအပ်ချက်ရှိသည်ကားမှန်သည်။
အဓိကသည် လက်ဦးဆရာ မိနှင့်ဖတည်း။
ပန်းလိုချင်လျင် အပင်ပျိုးတတ်ဖို့တော့လိုမည်ထင်သည်။
မိမိကလေး ငယ်ရွယ်စဉ်ကတည်းက စည်းကမ်းတစ်ကျ စနစ်တစ်ကျ ပြုစုပျိုးထောင်ပေးဖို့တော့ ယနေ့ခေတ်မှာအတော်လိုအပ်နေပြီ။
လမ်းတွေကောင်းနေပါလျက် ကျောင်းမတက်တဲ့ကလေးတွေကို ကျောင်းတက်ချင်အောင် ပျိုးထောင်ဖို့တော့လိုနေပြီ။
ပညာကို တစ်ကယ်လိုချင်စိတ်ရှိအောင် ဆိုဆုံးမဖို့တော့လိုနေပါပြီ။
ပုသိမ်မြို့က မောင်ဘစီလို ပညာရှာတတ်ဖို့တော့လိုပြီ။
၁၉ယောက်မြောက် အမေရိကန်သမ္မတ အေဗရာဟင်လင်ကွန်းလို ပညာရှာတတ်ဖို့တော့လိုပြီ။
ယနေ့ဖုန်းတွေဝယ်ပေးသည်ထက် စာပေဗဟုသုတတို့ကို ပို၍ဖတ်စေချင်သည်။
အနာဂါတ်လူငယ်များ
ပညာသုံးတန် နှလုံးသွင်းမှန်၍
လူတော်လူကောင်း ဖြစ်နိုင်ကြပါစေ။
ဆရာကြီးဆရာမကြီးများ ကျေးဇူးကိုမမေ့ပါ။သတိရသဖြင့် နာမည်တတ်၍ ထည့်ရေးမိတာ ခွင့်လွှတ်သည်းခံကြပါခင်ဗျာ။
စာအရေးအသားမှားသော် သည်းခံပါ။
အစဉ် ရိုသေလေးစားလျက်
တပည့်
TMA
14/09/2023
နာရီဝက်နဲ့ မီးကပြတ်
ထမင်းအိုးမနပ်
ဖိုပြောင်းတည်တော့လည်းမနှပ်
ခုမနက်တော့ ထမင်းငတ်
စိတ်မဆိုးပါနဲ့ကွာ နော်နော်။
ဟင်းချက်ရဦးမယ်နော်။
ချစ်သူကိုပြောတာနော်။
EPCကို မပြောဘူး။ လာချင်လာမလာချင်နေ။
13/09/2023
Friend တို့ရေ KBZက ကောင်မလေးတွေက ကျွန်နော် ကြိတ်များကြိုက်နေသလားမသိဘူး။
ခုရက်မိုးများနေလို့ထင်တယ် အရမ်းဂရုစိုက်တာ။
ကိုက တစ်ကိုယ်တည်း အပိုကြီးဖြစ်နေတာ သိနေတယ်ထင်တယ်😋
12/09/2023
ဦးလေးအတိုင်းပဲ ချောတာ
Click here to claim your Sponsored Listing.
Culinary Team
Attire
Contact the business
Telephone
Website
Address
စာပို့ရန်